Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီးယားစတိုင်လ် ကြာဇံကြော်

ကိုရီးယားစတိုင်လ်ကြာဇံကြော်ကို ကန်ဇွန်းဥမှ ထုတ်ထားတဲ့ ကန်ဇွန်းဥကြာဇံကို သုံးပြီး ကြော်ပါတယ်။

ပဲကြာဇံကဖြူပြီး ကန်ဇွန်းဥကြာဇံက အနည်းငယ်ညိုပါတယ်။ ၀ယ်ချင်ရင်တော့ ကုန်စုံဆိုင်များမှာ ရနိုင်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကြက်သား၊ ကန်စွန်းဥကြာဇံ၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ ကိုရီးယားမှို၊ ငရုတ်ပွအစိမ်းနဲ့အနီ၊ ကြက်ဥ၊ ဟင်းနုနွယ်ရွက်၊ မုန်ညှင်းစိမ်း၊ ပဲငံပြာရည်အကြည်၊ နှမ်းဆီမွှေး၊ နှမ်းလှော်၊ ဆား၊ သကြား၊ ဆီ တို့ လိုအပ်ပါမယ်။

ပထမဆုံး ကြာဇံကို ရေနွေးပွက်ပွက်ဆူဆူတွင် မိနစ်အနည်းငယ်ပြုတ်ပြီး ရေအေးလောင်းကာ ရေစစ်ထားပါ။


ပြီးရင်တော့ ကြက်သားကို ရေဆေးသန့်စင်ထားပါ။

 

မုန်လာဥနီကို အမျှင်လေးများဖြစ်အောင် စိတ်ထားပါ။ မှိုခြောက်ကိုရေစိမ်ပြီး ပါးပါးလှီးထားပါ။

 

ငရုပ်ပွကိုလည်း အချောင်းလေးများဖြစ်အောင် လှီးဖြတ်ထားပါ။ ကြက်သွန်နီကိုလည်း အမြောင်းဖြစ်အောင် လှီးဖြတ်ထားပါ။

 

ကြက်ဥအနှစ်ကိုခေါက်ပြီး အိုးအပူရှိန်အနည်းငယ်ဖြင့် ပါးပါးလေးအချပ်လိုက်ရအောင် ကြော်ပြီးအမျှင်လေးများဖြစ်အောင် စိတ်ထားပါ။

 

ဟင်းနုနွယ်ရွက် သို့မဟုတ် မုန်ညှင်းစိမ်းကို ရေနွေးဖျောပြီးရေစစ်ထားပါ။ ကြက်သားကို ထည့်လိုပါကအရသာ ထည့်ပြီးကြော်ပေးပါ။

 

အားလုံးအသင့်ဖြစ်ပါက ဇလုံတခုတွင်ပြုတ်ထားပြီးသော ကြာဇံကိုထည့်ပြီးကပ်ေ ကြးဖြင့် အနည်းငယ်ညှပ်ပြီးဖြတ် ပေးပါ။

 

ဆားအနည်းငယ် ပဲငံပြာရည်နှင့်နှမ်းဆီမွေးထည့်ပြီး သမအောင်မွှေထားပါ။

 

ရေနွေးဖျောထားသော မုန်ညင်းရွက်ကိုလည်း ပဲငံပြာရည်၊ ဆီမွေးဖြင့်နယ်ပြီး ကြာဇံထဲထည့်ပါ။

 

ဒယ်အိုးတစ်ခုကို အပူပေးပြီး ဆီအနည်းငယ်ထည့်ကာ မှိုပါးပါးစိတ်ထားသည်ကို ထည့်ကြော်ပါ။

 

ဆားအနည်းငယ်ထည့်ပါ။ ပြီးလျှင်ဆယ်ယူပြီး ကြာဇံကို ဇလုံထဲထည့်ပါ။

 

မုန်လာဥနီ၊ ကြက်သွန်နီငရုပ်ပွတို့ကို တစ်မျိုးဆီကြော်ပြီး ကြာဇံထဲသို့ထည့်ပါ။ ကြက်ဥကြော် အမျှင်စိတ်ထားသည်ကိုလည်းထည့်လိုက်ပါ။


အားလုံးကြော်ပြီးပါက လက်ကျန်ပဲငံပြာရည်နှင့် ဆီမွှေးသကြားတို့ကိုထည့်ပြီး သမအောင်မွှေပေး၍ နှမ်းဖြူးပြီးရင်တော့ ကိုရီးယားစတိုင်လ် ကြာဇံကြော်ကို သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:54
Rate this item
(1 Vote)