Korea
ကိုရီးယားစတိုင် အမဲသားနှင့် ပဲကြာဆံကြော်
ကိုရီးယားအစားအစာတစ်မျိုးဖြစ်ပြီး ဆိုင်တွင် သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း လွယ်လင့်တကူပြုလုပ်နိုင်တဲ့ အမဲသားနှင့် ပဲကြာဆံကြော် နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ အမဲသား၊ ပဲကြာဆံ၊ ကြက်သွန်နီ၊ ပန်းငရုတ်ပွ၊ မုန်လာဥနီ၊ ကြွက်နားရွက်မှို၊ မုန်ညှင်းစိမ်း၊ ဆား၊ နှမ်းလှော်၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ သကြား၊ ကြက်သွန်ဖြူ၊ ကြက်ဥ၊ ကြက်သွန်မြိတ်၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး အမဲသားကို ရေဆေးသန့်စင်ပြီး အမဲသားကို ကြက်သွန်ဖြူနှင့် ဆီသတ်လိုက်ပါ။
ပြီးလျှင် ကြက်ဥထည့်ပြီး မွှေပေးထားပါ။
ပြီးနောက် ပန်းငရုတ်ပွ၊ မုန်လာဥနီ၊ ကြွက်နားရွက်မှို၊ မုန်ညှင်းစိမ်း ရေဆေးပြီး လှီးဖြတ်ထားတဲ့ အသီးအရွက်များကို ထည့်ကြော်လိုက်ပါ။
Read More >>>>> ကိုရီးယားစတိုင် ရေဘဝဲအစပ်ကြော်
ပြီးလျှင် အရသာများဖြည့်စွက်လိုက်ပါ။
ပြီးနောက် ရေစိမ်ထားတဲ့ ပဲကြာဆံကို ဆယ်ပြီး ထည့်ကြော်လိုက်ပါ။ ပဲကြာဆံ မာနေလျှင် ရေအနည်းငယ်ထည့်ပြီး နှံ့အောင် ကြော်ပေးပါ။
နောက်ဆုံး ရေလည်းခမ်းပြီဆိုရင်တော့ ပန်းကန်ထဲထည့်၍ အပေါ်ယံမှ နှမ်းဖြူးပြီးရင်တော့ အလွန်အရသာရှိတဲ့ အမဲသားကြော်နှင့် ပဲကြာဆံ ကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။