Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီးယားသမ္မတနိုင်ငံမှ အရေးပေါ် အရန်ဆန်ထားရှိရေး စတင်ဝယ်ယူတော့မည်

ကိုရီးယားသမ္မတနိုင်ငံမှ အရေးပေါ် အရန်ဆန်ထားရှိရေး စတင်ဝယ်ယူတော့မည် Google

ကိုရီးယားသမ္မတနိုင်ငံအစိုးရအနေဖြင့် ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် အလားအလာရှိသည့် သဘာဝဘေးအန္တရာယ်

များကိုကာကွယ်ရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အရေးပေါ်အရန် ဆန်ထားရှိရန် ယခုနှစ်အတွက် နှစ်စဉ်ဆန် ဝယ်ယူမှုကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်းတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း (၈-၉-၂၀၂၀) ရက်နေ့တွင် သက်ဆိုင်ရာ တာဝန်ရှိသူများပြောကြားချက်အရ သိရသည်။

 

အစီအစဉ်အရ ယခုနှစ်ကုန်ပိုင်း၌ အရန်ဆန်အဖြစ်ထားရှိနိုင်ရေး ဆန်တန်ချိန် (၃၄၀,၀၀၀) ခန့်နှင့် ပြည်ပ အထောက်အပံ့များအတွက် ဆန်တန်ချိန် (၁၀,၀၀၀) ခန့်ကို ဝယ်ယူသွားမှာဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ဒေသရေးရာဝန်ကြီးဌာန (Ministry of Agriculture, Foods & Rural Affairs of Korea) ထံမှ သိရသည်။

 

နိုင်ငံအတွင်း၌ မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်နှင့် စားနပ်ရိက္ခာ အကျပ်အတည်းများတွေ့ကြုံရလျှင် စားနပ်ရိက္ခာအတွက် ပြည်သူများ ဘေးဒုက္ခမကြုံတွေ့စေရေးအတွက် အဓိကလိုအပ်သော ကောက်ပဲသီးနှံများကို အရေးပေါ် အရန်စနစ်ကျင့်သုံး၍ သိုလှောင်ခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ကိုရီးယားသမ္မတနိုင်ငံအစိုးရသည် တစ်နှစ်တာစားသုံးမှုနှုန်း၏ (၁၇) မှ (၁၈) ရာခိုင်နှုန်း (၂) လတာအတွက် ရိက္ခာပမာဏ) ကို အရန်ဆန်အဖြစ် ဝယ်ယူသိုလှောင်လေ့ရှိပြီး (၄၀) ကီလို ဂရမ်ပါ ဆန်တစ်အိတ်လျှင် ကိုရီးယားဝမ်ငွေ (၃၀,၀၀၀) (အမေရိကန် ဒေါ်လာ ၂၅.၂) နှုန်း ဖြင့် အစိုးရက ကြိုတင်ဝယ်ယူလေ့ရှိပြီး၊ ကျန်ရှိငွေများကို နှစ်ကုန်တွင်ပေးချေလေ့ရှိသည်။ ၂၀၁၉ ခုနှစ်တွင် ဆန်တစ်အိတ်၏ စျေးနှုန်းမှာ (၆၅,၇၅၀) ဝမ်ဖြစ်ပြီး၊ ယခုနှစ်အတွက်မူ အစိုးရ၏ ဆန်တစ်အိတ် စျေးနှုန်းသတ်မှတ်မှုကို မသိရှိရသေးပါဘူး။

 

ရေကြီးခြင်း၊ မိုးခေါင်ခြင်းလိုမျိုး သဘောဝ ဘေးအန္တရာယ်များ အရေးပေါ် တွေ့ကြုံရသည့်အခြေအနေမျိုးတွင် ဒေသတွင်းနိုင်ငံများ၏ အရေးပေါ်စားနပ်ရိက္ခာလုံခြုံမှုအတွက် စီမံဆောင်ရွက်နိုင်ရေး ASEAN+3 Emergency Rice Reserve Project စီမံကိန်းအောက်မှ ဒေသတွင်းပံ့ပိုးမှုများကို ဆောင်ရွက်ပေးနိုင်ရန် ဆန်ဝယ်ယူသွားမှာဖြစ်ကြောင်းလည်း သိရသည်။ ကိုရီးယားသမ္မတနိုင်ငံသည် ၂၀၁၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံများသို့ အဆိုပါအစီအစဉ်အောက်မှ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ပံ့ပိုးမှုအကူအညီများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

By Wyk (Myanmar Food Guide)

myantrade.Gov

Read times
Rate this item
(0 votes)