Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီးယား ရေညှိဟင်းရည်

ကိုရီးယားလူမျိုးတွေ အထိမ်းအမှတ်အဖြစ် သောက်ကြတဲ့ ဟင်းရည်တစ်မျိုးဖြစ်ပါတယ်။ အာဟာရဓာတ်တွေရရှိပြီး ချက်ပြုတ်ရတာလည်း လွယ်ကူတဲ့ ရေညှိဟင်းရည်ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းတွေကတော့ ရေညှိခြောက်၊ အမဲရိုး၊ ပဲပြား၊ နှမ်းဆီ၊ ပဲငံပြာရည်၊ ဆား၊ ကြက်သွန်ဖြူတို့ လိုအပ်ပါမယ်။   (အမဲရိုးအစား ပင်လယ်စာ၊ ဝက်နံရိုးကိုလည်း အစားထိုး အသုံးပြုနိုင်ပါတယ်။)

 

ပထမဦးဆုံး  ရေညှိဟင်းရည်ထဲထည့်ဖို့ အမဲရိုးတွေကို ရေဆေး သန့်စင်ထားပါ။

 

ပြီးလျှင် ရေညှိခြောက်တွေကို ပျော့သွားသည်အထိ စိမ်ပေးပါ။ ပျော့သွားပြီဆိုရင် ရေစစ်ပြီး အရွယ်တော်လောက် ပိုင်းဖြတ် ထားပါ။

 

ပြီးနောက် အိုးတစ်လုံးထဲ အမဲခါးဆစ်ရိုး၊ ပဲငံပြာရည်အနည်းငယ်၊ နှမ်းဆီ၊ ဆားအနည်းငယ်ထည့်ပြီး မိနစ်အနည်းငယ်ခန့်တည်ပါ။

 

ပြီးရင် ရေညှိ၊ ပဲငံပြာရည်အနည်းငယ်ထပ်ထည့်ကာ နောက်ထပ် ၁ မိနစ်လောက် နှံ့အောင်မွှေပြီး တည်ပေးထားပါ။

 

ပြီးလျှင် ရေထပ်ထည့်ပြီး ထောင်းထားတဲ့ကြက်သွန်ဖြူထည့်တည်ထားပါ။

 

ပြီးနောက် ရေပွက်ပွက်ဆူလာပြီဆိုရင် ပဲပြားထည့်၊ နောက်ထပ် ရေထည့်ပြီး ဆူအောင်တည်ပါ။ မိနစ် ၂၀ လောက်ပွက် ပွက်ဆူအောင် တည်ပြီးပြီဆိုရင်တော့ အချိုရည်တွေထွက်လာပါလိမ့်မယ်။

 

ပြီးလျှင် အပေါ့အငန် အရသာမြည်းကြည့်ပြီး အရသာအဆင်ပြေပြီဆိုရင် ရေညှိဟင်းရည်ကို မြိန်ယှက်စွာ တည်ခင်းအသုံးပြုနိုင်ပါတယ်။

Read times
Rate this item
(1 Vote)