Korea



ခွေးသားစားသုံးမှု တားမြစ်ရေး ဥပဒေကြမ်း တောင်ကိုရီးယား အတည်ပြု

ခွေးသားစားသုံးမှု တားမြစ်ရေး ဥပဒေကြမ်း တောင်ကိုရီးယား အတည်ပြု

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

တောင်ကိုးရီးယားပါလီမန်သည် ခွေးသားစားခြင်းနှင့် ရောင်းချခြင်းကို တားမြစ်သည့် ဥပဒေကြမ်းကို အင်္ဂါနေ့ (ဇန်နဝါရီ ၉)တွင် အတည်ပြုလိုက်သည်။ ရာစုနှစ်များစွာ ကြာမြင့်သည့် ရိုးရာအစားအစာကို နိဂုံးချုပ်စေမည် ဖြစ်သည်။

 

ကိုရီးယား၏ စိုထိုင်းဆများ‌ေသာနွေရာသီတွင် ခွေးသားစားခြင်းသည် တစ်ချိန်က ကိုယ်ခံသက်လုံကို မြှင့်တင်ရန် နည်းလမ်းတစ်ခုဟု ယူဆခဲ့ကြသည်။

သို့သော် ယခုအခါ ကိုရီးယားတွင် ခွေးသား စားသုံးသည့် အလေ့အထ အတော်နည်းပါးနေပြီ ဖြစ်သည်။ သက်ကြီးပိုင်း ရောက်နေသူများသာ ခွေးသား စားကြပြီးနှင့် စားသောက်ဆိုင် အချို့တို့တွင်သာ ခွေးသားဟင်းလျာ ရရှိနိုင်သည်။

ယခုအခါ ကိုရီးယားတို့သည် ခွေးများကို မိသားစု အိမ်မွေးတိရစ္ဆာန်အဖြစ် သတ်မှတ်ကြပြီး ခွေးများကို သတ်ဖြတ်ရန် မွေးမြူထားခြင်း၊ သတ်ဖြတ်ခြင်းတုိ့အပေါ်  ဝေဖန်ရှုံ့ချမှုများ ကြီးထွားလာနေသည်။

ခွေးအများစုသည် အသားအတွက် သတ်သည့်အခါတွင် လျှပ်စစ်ဓာတ်ဖြင့် ဓာတ်လိုက်စေကာ သေစေခြင်း၊ လည်ပင်း ကြိုးကွင်းစွပ်၍ သတ်ဖြတ်ခြင်း ပြုကြသည်။ ၎င်းသတ်ဖြတ်နည်းများသည် သက်ညှာသောနည်းလမ်းဖြင့် သေစေခြင်း ဖြစ်သည်ဟု အသားအတွက်  ခေွးမွေးမြူသူများနှင့် ခွေးသား ရောင်းသူများက ခုခံကာကွယ် ပြောဆိုသည်။

သမ္မတ ယွန်းဆက်ယို လက်ထက်တွင် ခေွးသားပိတ်ပင်မှုကို ထောက်ခံမှု တိုးလာခဲ့သည်။ ယွန်းသည် အိမ်မွေးတိရစ္ဆာန် ချစ်တတ်သူ ဖြစ်သည်။ ခွေးလေခွေးလွင့် ၆ ကောင်နှင့် ကြောင် ၈ ကောင်ကို သူ့အိမ်မှာ မွေးမြူထားသည်။ ခွေးသားစားခြင်းကို ဝေဖန်ပြစ်တင်သူလည်း ဖြစ်သည်။

 

photo_2024-01-09_20-46-59.jpg

 

အစိုးရမှ ထြတ်ပြန်သည့် စာရင်းအရ တောင်ကိုရီးယားတွင် အိမ်မွေးတိရိစ္ဆာန် ပိုင်ဆိုင်မှုသည်လည်း တိုးလာခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ကိုရီးယားအိမ်ထောင်စု လေးစုတွင် တစ်စုသည် အနည်းဆုံး  အိမ်မွေးခွေးတစ်ကောင် ပိုင်ဆိုင်သည်။

အာဏာရပါတီက အဆိုပြုပြီး အတိုက်အခံပါတီ၏  ရှားရှားပါးပါး ထောက်ခံမှုဖြင့် အဆိုပါ ဥပဒေကြမ်းအား လွှတ်တော်တွင်ထောက်ခံမဲ ၂၀၈ မဲ၊ ပျက်ကွက် ၂ မဲဖြင့် အတည်ပြုခဲ့သည်။

ယင်းဥပဒေသည် နောက် ၃ နှစ်အကြာတွင် စတင်သင်ရောက်မည် ဖြစ်သည်။ ခွေးသားလုပ်ငန်းကဏ္ဍမှ အသက်မွေးသူများ အခြားအလုပ် ပြောင်းလဲ လုပ်ကိုင်ရန် ၃ နှစ်ကာလ အချိန်ပေးထားခြင်း ဖြစ်သည်။ 

၂၀၂၂ ခုနှစ် ဧပြီလတွင် ကောက်ခံသည့် စာရင်းအရ ခွေူမွေးမြူရေးခြံ ၁,၁၀၀ ခန့်တွင်ခွေးကောင်ရေ ၅၇၀,၀၀၀ မွေးမြူထားကြောင်း၊ ခွေးသားဟင်းလျာ ရောင်းချသည့်  စားသောက်ဆိုင်ပေါင်း ၁၆၀၀ ခန့် ရှိကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။

 

ယင်းဥပဒေအရ လူစားသုံးရန်အတွက် အသားထုတ်လုပ်ရန် ခွေးမွေးမြူခြင်းနှင့် သတ်ဖြတ်ခြင်းအား ထောင်ဒဏ်သုံးနှစ် သို့မဟုတ် ဒဏ်ငွေ ဝမ်သန်း ၃၀ (ကန်ဒေါ်လာ ၂၂,၈၀၀) ချမှတ်ခံရမည်ဖြစ်သည်။

 

photo_2024-01-09_20-46-54.jpg

 


 

ခွေးသား စားခြင်း တောင်ကိုရီးယား တားမြစ်မည်

https://www.foodindustrydirectory.com.mm/food-industry/restaurant/item/7218-dog.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


တောင်ကိုရီးယားတွင်ခွေးသားစားခြင်း တားမြစ်သည့် ဥပဒေကြမ်း ကန့်ကွက်ဆန္ဒပြ

https://www.foodindustrydirectory.com.mm/food-industry/restaurant/item/7240-dog-meat.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

ခွေးသားစားသုံးမှု အဆုံးသတ်ရန် အစိုးရ အစီအစဉ်ကို ခွေးသားလုပ်ငန်းကဏ္ဍ သမ္မတရုံးအနီး ထပ်မံ ဆန္ဒပြ

https://www.foodindustrydirectory.com.mm/food-industry/restaurant/item/7262-dog-meat.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 Source Reuters 

 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)