Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီးယားပဲခေါက်ဆွဲပြုလုပ်နည်း

ဒီကနေ့ပြုလုပ်မည့်အကြောင်းကတော့ သက်သတ်လွတ်ပဲစားစား၊ အသားနဲ့ပဲစားစား၊

ကြက်ဥနဲ့ပဲစားစား ရနိုင်တဲ့ ကိုရီးယားစတိုင် ပဲခေါက်ဆွဲပြုလုပ်နည်းအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။


လိုအပ်သည့်အမယ်များကတော့ ဝက်သား (သို့မဟုတ်) ကြက်သား (သို့မဟုတ်) ကြက်ဥ၊ ကိုရီးယား ပဲအနှစ်၊ ဆီ၊ သကြား၊ ခရုဆီ၊ ပြောင်းဖူးမှုန့်၊ ကြက်သွန်နီဇူကီနီအာလူးနှင့် သခွားသီး တို့လိုအပ်ပါမယ်။

ပထမဦးဆုံး ဒယ်အိုးထဲသို့ ဆီထည့်ပြီး မီးဖိုပေါ်တင်လိုက်ပါ။ ကြက်သွန်နီတစ်လုံးကို ပါးပါးလှီး၍ ကြက်သွန်နီ နီရဲပြီး ကျွမ်းသွားသည်ထိ ဆီသတ်ပြီးနောက် ကြက်သွန်နီအဖတ်များကို ဆယ်ထုတ်ပြီး လွင့်ပစ်လိုက်ပါ။ ပြီးလျှင် ဆီအိုးထဲသို့ ကိုရီးယားပဲအမဲရောင်အနှစ်ထည့်ပြီး မီးအေးအေးနှင့် နှံ့အောင် မွှေပေးပါ။

ထို့နောက် အိုးထဲမှ ဆီများအား ဇွန်းဖြင့် အသာခပ်ထုတ်ပြီး ပန်းကန်လုံး တစ်ခုထဲ ထည့်ထားပါ။ ဒယ်အိုးထဲမှ ပဲအနှစ်ထဲသို့ သကြားထည့်ပြီး နှံ့အောင်မွှေ၍ မီးပိတ်ထားပါ။
ဝက်သားကို အတုံး သေးသေးလေးတွေ တုံးပြီး ဖယ်ထားတဲ့ ဆီဖြင့် ကြော်ပါ။ ဆီနည်းလျှင် ဆီအနည်းငယ် ထပ်ထည့်ပါ။

အသားနူးသွားပါက ပါဝင်ပစ္စည်းများဖြစ်တဲ့ ကြက်သွန်နီ၊ ဇူကီနီ၊ အာလူးတို့ကို ပုံတွင် ပြထားသည့် အတိုင်း အတုံးလေးများတုံးပြီး၊ အသားဖြင့် ရောလှိမ့်ပါ။ ခရုဆီ ထည့်ပြီး ပြောင်းဖူးမှုန့်ကို ရေဖြင့်ဖျော်ပြီး ထည့်ပေးပါ။

အရင်ဆုံး ဆီသတ်ထားတဲ့ ကိုရီးယားပဲအနှစ်ပါ ရောထည့်ပြီး မွှေပေးပါ။ ရေအနည်းငယ် ထည့်ပါ။ အရသာ မြည်းကြည့်ပြီး အာလူးနှင့် အသီးအနှံများနူးလျှင် ပြုတ်ထားသော ခေါက်ဆွဲပေါ်သို့ လောင်းထည့်ပြီး အသင့် စားသုံးနိုင်ပါတယ်။

Read times Last modified on Thursday, 13 September 2018 17:34
Rate this item
(2 votes)