Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီးယားစတိုင် ပုစွန်နဲ့ ငရုတ်ပွ ချိုစပ်ဟင်း

စားရတာအရမ်း အရသာရှိတဲ့ ကိုရီးယားစတိုင် ပုစွန်နဲ့ ငရုတ်ပွ ချိုစပ်ဟင်းချက်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ပုစွန်ကျား၊ ကြက်သွန်နီ၊ ငရုတ်ပွအစိမ်း၊ မုန်လာဥနီ၊ ဆီ၊ ကြက်သွန်မြိတ် နှင့် ဆော့စ် အတွက် ပါဝင်ပစ္စည်းများကတော့ ပဲငံပြာရည်အကြည်၊ ငရုတ်သီးမှုန့်၊ သကြား၊ ဟင်းချက်ဝိုင်၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်၊ နှမ်း တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဆော့စ်အရင်လုပ်ထားပါမယ်။ ဆော့စ်လုပ်ဖို့အတွက် ပဲငံပြာရည်၊ ငရုတ်သီးမှုန့်၊ သကြား၊ ဟင်းချက်ဝိုင်၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်တို့ကို ခွက်တစ်ခုထဲသို့ထည့်၍ ရောမွှေပေးထားပါ။

 

ပြီးလျှင် ပုစွန်များကို ရေဆေးသန့်စင်ပြီး ဆား၊ ကြက်သားမှုန့်တို့ဖြင့် ရောနယ်ပေးထားပါ။

 

ပြီးနောက် ပန်းကန်တစ်ခုထဲသို့ ပုစွန်၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ငရုတ်သီးပွ၊ မုန်လာဥနီတို့ကို ပြင်ပေးထားပါ။

 

ပြီးလျှင် ဒယ်အိုးထဲသို့ ဆီထည့်ပြီး ပုစွန်များကို အရင်ထည့်၍ ကြော်ပေးထားပါ။

 

ပြီးနောက် ပုစွန်ကျက်ပြီဆိုလျှင် ကြက်သွန်နီ၊ ငရုတ်သီးပွ၊ မုန်လာဥနီများကို ရောထည့်၍ ကြော်ပေးပါ။

 

ပြီးရင်တော့ ဒယ်အိုးထဲသို့ ဆော့စ်ဖျော်ထားတဲ့ အရည်များကို လောင်းထည့်လိုက်ပါ။ ဆော့စ်အရည် ပျစ်လာသည်အထိ တည်ထားပေးပြီးရင်တော့ မီးကို ပိတ်ထားပါ။

 

နောက်ဆုံးမှ ပုစွန် ငရုတ်ပွ ဟင်းပေါ်သို့ နှမ်းလေးများ ဖြူးပေးပြီး ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times
Rate this item
(2 votes)