Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီးယားစတိုင်လ် ထမင်းသုပ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင်သွားရောက်စားသောက်စရာမလိုဘဲ အိမ်တွင်လည်း

ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ ကိုရီးယားစတိုင်လ်ထမင်းသုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ဟင်းနုနွယ်၊ မုန်လာဥနီ၊ ငရုပ်ပွအ၀ါရောင်၊ ပဲပင်ပေါက်၊ ရှီတာကီမှို၊ သခွားသီး၊ ကြက်သား၊ ကြက်ဥ၊ နှမ်းဖြူ၊ နှမ်းမဲ၊ ပဲငံပြာရည်အကြည်၊ ရေညှိ၊ သကြား၊ ဆား၊ ဆီ၊ နှမ်းဆီမွှေး၊ ငရုတ်အနှစ်၊ ဆန်ဗီနီကာ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီး ကြက်သားအား ပါးပါးလှီး၍ ဆား၊ သကြား၊ ပဲငံပြာရည်အကြည်၊ ဆီမွှေးတို့နှင့် နယ်ပြီး ခဏနှပ်ကာ ကြက်သွန်ဖြူထောင်း၍ ဆီ အနည်းငယ်ထည့်ပြီး ကြော်ထားပါ။

 

ပြီးရင် ပဲပင်ပေါက်၊ ဟင်းနုနွယ်ကို ရေနွေးဖျောပြီး ရေအေးစိမ် ရေစစ်ကာ၊ ဆား၊ နှမ်းဆီမွှေး တို့နှင့် နယ်ထားပါ။

 

ဟင်းနုနွယ်၊ မုန်လာဥနီ၊ ငရုတ်ပွ၊ သခွားသီးအစရှိသည့် အသီးအရွက်များကို အနေတော်လှီးဖြတ်၍ ဆီအနည်းငယ်ဖြင့် ဆားထည့်ကာ မိနစ်အနည်းငယ်ခန့် ကြော်ထားပါ။

 

ပြီးရင်တော့ ရှီတာကီမိုကို ရေစိမ် ပါးပါးလှီး၍ ကြက်သွန်နီကိုလည်း လှီးဖြတ်ပြီး ပဲငံပြာရည်နှင့် ကြော်ထားပါ။

 

ကိုရီးယား ငရုတ်နှစ်ထဲသို့ပဲငံပြာရည်၊ ဆန်ဗီနီကာ၊ နှမ်းထည့် မွှေထားပါ။ ရေညှိကို မျှင်မျှင် ဖြတ်ထားပါ။


အားလုံး အဆင်သင့် ဖြစ်ပြီဆိုလျှင် ထမင်းပူပူပေါ်ကို ကြက်သား၊ အသီးအရွက်၊ ရေညှိများ တင်လိုက်ပါ။


ကြက်ဥကို အကာ ကျက်ကြော် ထည့်လိုက်ပါ။ ငရုတ်နှစ် နှမ်းဆီမွှေး ထည့်ပါ။


နှံ့အောင်မွှေပြီးရင်တော့ နှမ်းဖြူး၍ ကိုရီးယားစတိုင်လ် ထမင်းသုပ်ကို အသင့်သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Tuesday, 18 September 2018 15:41
Rate this item
(3 votes)