Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီးယားစတိုင် ဂဏန်းသားတို့ဖူးကြော်

အဆာပြေပဲစားစား စားလို့အရမ်းကောင်းပြီး လုပ်ရတာ လွယ်ကူတဲ့ ကိုရီးယားစတိုင် ဂဏန်းသားတို့ဖူးကြော်နည်းလေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ဂဏန်းသား၊ ကြက်ဥတို့ဖူး၊ ကြက်ဥ၊ ကြက်သွန်မြိတ်၊ ပြောင်းကော်မှုန့်၊ ကြက်သားမှုန့်၊ ငရုတ်ကောင်း၊ ချင်း တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ကြက်ဥတို့ဖူးကို ခြေပေးထားပါ။ ပြီးလျှင် ကြက်သွန်မြိတ်ကို ရေဆေးပြီး ပါးပါးလှီးဖြတ်ထားပါ၊

 

ပြီးနောက် ချင်းကို အခွံနွှာပြီး ထောင်းထားပါ။

 

Read More >>>>> အိန္ဒိယစတိုင် ဆိတ်သားခပတ်ဟင်း


ပြီးလျှင် ဇလုံတစ်လုံးထဲတွင် ဂဏန်းသား၊ ခြေထားသော တို့ဖူး၊ ကြက်သွန်မြိတ်၊ ပြောင်းကော်မှုန့်၊ ကြက်သားမှုန့်၊ ချင်း၊ ငရုတ်ကောင်း တို့ကိုရောမွှေပေးပါ။

 

ပြီးရင်တော့ ဒယ်အိုးထဲဆီထည့်လိုက်ပါ။ ဆီပူလာရင် ဇွန်းဖြင့်ခပ်ထည့်ပြီး ကြော်ပေးပါ။ မီးကတော့အနေတော်ထားပေးပါ။

 

တစ်ဖက်က ရွှေရောင်သန်းရင် နောက်တစ်ဖက်ကိုလှန်ပြီးကြော်ပေးပါ။ ကျက်ရင်တော့ ဆီစစ်ထားပါ။

 

ဆီစစ်ပြီးရင်တော့ ဂဏန်းသားတို့ဖူးကြော်ကို အချဉ်ရည် ဖြင့်တွဲဖက်စားရင်တော့ အလွန်အရသာရှိပြီး အရမ်းစားကောင်းတဲ့ ဂဏန်းသားတို့ဖူးကြော်လေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Friday, 17 May 2019 13:00
Rate this item
(2 votes)