Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီးယားကင်မ်ချီ

အစပ်ကြိုက်နှစ်သက်သူများအတွက် ကိုရီးယားကင်မ်ချီကို City Mart တို့လို Shopping Mall တွေမှာ ၀ယ်စားစရာမလိုတော့ဘဲ

အိမ်တွင်လည်း ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ မုန်ညင်းထုပ်၊ မုန်လာဥနီ၊ မုန်လာဥဖြူ၊ ကြက်သွန်မြိတ်၊ ဆား၊ ဆန်မှုန့်၊ ငရုတ်သီးအနှစ်၊ ချင်း၊ ပုစွန်ခြောက်မှုန့်၊ သကြား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်၊ နှမ်း တို့ လိုအပ်ပါမယ်။

 

ပထမဆုံး မုန်ညင်းထုပ်ကို ရေဆေး ထက်ခြမ်း ခြမ်းပြီးဆားဖြင့်နှယ်ပြီး ရေအနည်းငယ်ဖြင့် ၆ နာရီကျော် စိမ်ထားပါ။

 

စိမ်ထားပြီးပါက မုန်ညင်းကို တစ်လွှာဆီ ရေသေချာဆေးပြီး ရေညစ်ထားပါ။

 

ကြက်သွန်မိတ် အရင်းပိုင်းများကို ဖြတ်ထားပါ။ မုန်လာဥနီနှင့် မုန်လာဥဖြူတို့ကို အချောင်းသေးသေး ကြက်သွန်မိတ်နှင့် ဆိုက်တူဖြတ်ပြီး လက်ကျန်ဆားဖြင့် နယ်ပြီး ရေဆေး ရေစစ်ထားပါ။

 

ဆန်မုန့်ကို ရေ ၂၅၀ml ဖြင့် ဖျော်ပြီး မီးဖိုပေါ်တွင် ပျစ်လာအောင် ကျိုပေးပြီး အအေးခံထားပါ။

 

ငရုတ်သီးအနှစ်မရှိပါက အခြောက်ကိုရေစိမ်ပြီး ကြိတ်ထားပါ။

 

ပြီးနောက် ဇလုံတခုတွင် အအေးခံထားသော ဆန်မှုန့်ကျိုထားသည်ကို ထည့်လိုက်ပါ။

 

ပုဇွန်ခြောက်မှုန့်၊ ငရုတ်သီးနှစ်၊ ချင်း၊ သကြား၊ ငံပြာရည်၊ ဟင်းခပ်မှုန့်၊ နှမ်းတို့ကိုထည့်ပြီး သမအောင်မွေလိုက်ပါ။

 

ပြီးလျှင် အရသာမြည်းကြည့်ပါ။ အရသာလိုအပ်ပါက ထပ်မံဖြည့်စွက်ပေးပါ။ အားလုံးဆင်သင့်ဖြစ်ပါက ရောစပ်ထားသော ငရုတ်သီးအနှစ်ထဲသို့ မုန်လာဥနီ၊ မုန်လာဥဖြူ၊ ကြက်သွန်မြိတ်တို့ကိုထည့်ပြီးမွှေလိုက်ပါ။

 

ပြီးနောက် ရေညစ်ထားသော မုန်ညင်းကို နောက်ဇလုံတစ်ခုတွင်ထည့်ပြီး အောက်ဆုံးတစ်လွှာမှစ၍ မုန်လာဥနှင့် ငရုတ်သီးအရောကို ခင်းထည့်ပါ။ တစ်လွှာပြီး တစ်လွှာထည့်ပေးပါ။

 

အားလုံးပြီးသွားပါက လေလုံသော ဘူးတစ်ခုတွင် မုန်ညင်းထုပ်ကို စုပြီးထည့်လိုက်ပါ။

 

အပေါ်မှလက်ကျန် ငရုတ်သီးအရောများကိုတင်ပြီး အဖုံးလုံလုံပိတ်ကာ အခန်းအပူချိန်တွင် တစ်နေ့လုံးထားပါ။

 

တစ်နေ့လုံးထားအပြီးတွင်ကင်မ်ချီက စတင်ချဉ်လာပြီဖြစ်သဖြင့် ရေခဲသေတ္တာသို့ပြောင်းရွေ့သိမ်းဆည်းကာ လိုသလိုလှီးဖြတ်ပြီး ချက်စား၊ သုပ်စားနိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 13:47
Rate this item
(2 votes)