Korea
ကိုရီးယား ထိပ်တန်း အဖျော်ယမကာ Hite Jinro က အမေရိကန်ဈေးကွက်ထဲ စိုဂျူ ထိုးဖောက်
ကိုရီးယား ထိပ်တန်း အဖျော်ယမကာ Hite Jinro က အမေရိကန်ဈေးကွက်ထဲ စိုဂျူ ထိုးဖောက်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကိုရီးယား၏ ထိပ်တန်း အဖျော်ယမကာ ထုတ်လုပ်သူ Hite Jinro က ၎င်း၏ စိုဂျူ soju ကို အမေရိကန်ပြည်ထောင်စုရှိ Costco စတိုးဆိုင် ၁၇ ခုတွင် ရောင်းချနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ရန် ကုမ္ပဏီ၏ ကြိုးပမ်းမှု တိုးမြှင့်နေပါသည်။
ကုမ္ပဏီသည် ၎င်း၏ထုတ်ကုန်များကို New York ရှိ Costco Yonkers ဆိုင်ခွဲများတွင် ဝယ်ယူနိုင်အောင် စီမံဆောင်ရွက်ခဲ့ပါသည်။
Hite Jinro မှ အရသာ ၄ မျိုးဖြင့် စိုဂျူအရက်များကို အမေရိကန်တွင် စတင်ရောင်းချပါသည်။ နယူးယောက်တွင်သာမက Minnesota၊ Wisconsin နှင့် Illinois တို့တွက်လည်း ဆိုင်တင် ရောင်းချပါသည်။
ကုမ္ပဏီသည် ၎င်း၏ Soju များကို ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂို ရှိ Costco ဆိုင်ခွဲငါးခုတွင်လည်း ရောင်းချဖို့ စီစဉ်နေပါသည်။
.
အဖျော်ယမကာထုတ်လုပ်သူသည် Costco စတိုးဆိုင်များတွင် လက်လီရောင်းချမှုလမ်းကြောင်းများမှတစ်ဆင့် အမှတ်တံဆိပ် လူသိများအောင် မြှင့်တင်သွားမည် ဖြစ်သည်။ အထူးသဖြင့် ကယ်လီဖိုးနီးယားနှင့် တက္ကဆက် ပြည်နယ်တို့တွင် ဖြစ်ပါသည်။
Hite Jinro ယခုနှစ် အမေရိကန်သို့ တင်ပို့သည့် ပမာဏသည် ယခင်နှစ် အလားတူကာလထက် ၁၀၇.၄% ပိုများပါသည်။
၂၀၁၉ ခုနှစ်တွင် ကုမ္ပဏီသည် လျှော့စျေးလက်လီရောင်းချသူ Target နှင့်ပူးပေါင်းကာ ကယ်လီဖိုးနီးယားတစ်ဝှမ်းရှိ စတိုးဆိုင် ၁၅ ခုတွင် ၎င်း၏အရသာရှိသော စိုဂျူကို ရောင်းချခဲ့ပါသည်။
Source koreatimes
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U