Korea
တောင်ကိုရီးယား ကုန်စုံဆိုင်များ ကြက်ကြော်ဈေးနှုန်းစစ်ပွဲ ဆင်နွှဲ
တောင်ကိုရီးယား ကုန်စုံဆိုင်များ ကြက်ကြော်ဈေးနှုန်းစစ်ပွဲ ဆင်နွှဲ
.
တောင်ကိုရီးယားနိုင်ငံတွင် ကုန်စုံဆိုင် ဆိုင်ခွဲများ ဖွင့်လှစ်သည့် လုပ်ငန်းအချို့က ကြက်ကြော်ဈေးနှုန်းစစ်ပွဲမှာ ပါဝင်ဆင်နွှဲကြပါတယ်။
.
ကြက်ကြော် အဓိကထားရောင်းချတဲ့ စားသောက်ဆိုင်ခွဲများ ဖွင့်လှစ်တဲ့ လုပ်ငန်းများမှ ရောင်းချနေတဲ့ ကြက်ကြော်ဈေးနှုန်းထက် သက်သာတဲ့ ဈေးနှုန်းများဖြင့် ကုန်စုံဆိုင်များက ရောင်းချတဲ့အပြင် အဆစ်ပါ ပေးပါတယ်။
ဈေးနှုန်း ထက်ဝက်သက်သာတဲ့အပြင် ၂ တုံးဝယ် ၁ တုံး အခမဲ့လက်ဆောင် ပေးတဲ့ ပုံစံဖြင့် ရောင်းချပေးပါတယ်။
ကြက်ကြော်ကို ဈေးချရောင်းပေးခြင်းဖြင့် ဆိုင်ကို လူလာအောင် ဆွဲဆောင်နိုင်တဲ့အတွက် နေ့လယ်စာဘူး၊ အရက်နှင့် ယမကာတို့ပါ ရောင်းအားတက်ပါတယ်။
.
တောင်ကိုရီးယားမှ အကြီးမားဆုံး ကုန်စုံဆိုင် brand ဖြစ်တဲ့ CU ကို BGF Retail က လုပ်ကိုင်ပါတယ်။ ကြက်ကြော် ၂ တုံးဝယ်ရင် ၁ တုံး အလကားပေးတဲ့ Plus One ပုံစံကို CU ကုန်စုံဆိုင်များက စတင်သုံးစွဲခဲ့ပါတယ်။
.
GS Retail မှ လုပ်ကိုင်တဲ့ ကုန်စုံဆိုင် brand ဖြစ်တဲ့ GS25 က ကြက်ကြော် ၅ မျိုး ရောင်းချပါတယ်။ ဝမ် ၇,၉၀၀ မှ ဝမ် ၁၁,၀၀၀ အထိ ဈေးနှုန်း သတ်မှတ်ထားပါတယ်။ GS25 ကလည်း အရောင်းမြှင့်တင်ရေးကာလ တစ်လ သတ်မှတ်ပြီး ကြက်ကြော် ၂ တုံးဝယ်ရင် ၁ တုံး အလကားပေးပါတယ်။
7-Eleven နှင့် Emart24 တို့ကလည်း ကြက်ကြော် ရောင်းချကြပါတယ်။ Emart24 က ကြက်ကင် ၁၄ မျိုး ရောင်းချပါတယ်။ 7-Eleven ကလည်း ကြက်ကြော်တစ်တုံး ဝမ် ၉,၉၀၀ ဖြင့် ၎င်းရဲ့ ဆိုင်ခွဲ ၄,၀၀၀ ကျော်မှာ ရောင်းချပါတယ်။
.
စတိုးဆိုင်များမှာ ရောင်းချတဲ့ ကြက်ကြော်များနှင့် ကြက်ကင်များက ကြက်ကြော်အဓိကထား ရောင်းချတဲ့ စားသောက်ဆိုင်များမှာ ရောင်းချတဲ့ ကြက်ကြော်များနှင့် ကြက်ကင်များကုိ အရသာ မမီပါဘူး။ အရည်အသွေးအရလည်း မမီပါဘူး။ ဒါပေမဲ့ ဈေးချိုတယ်။
Source koreatimes
#MyanmarFoodIndustryGuide
Telegram Channel https://t.me/Guid4U