Korea



တောင်ကိုရီးယား Lotte အမည်အသစ်ဖြင့် ကမ္ဘာ့ဈေးကွက်ထဲ ချဲ့ထွင်မည်

တောင်ကိုရီးယား  Lotte အမည်အသစ်ဖြင့် ကမ္ဘာ့ဈေးကွက်ထဲ ချဲ့ထွင်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တောင်ကိုရီးယားမှ Lotte Confectionery Co. သည် ကမ္ဘာလုံးဆိုင်ရာ ချဲ့ထွင်မှုများ တိုးတက်ဖြစ်ပေါ်စေမည့် လုပ်ငန်းမဟာဗျူဟာ အသစ်ကို ထင်ဟပ်စေရန် အမည်အသစ် "Lotte Wellfood " ဖြင့် လုပ်ကိုင်သွားမည် ဖြစ်သည်။

.

သက်တမ်း ၅၆ နှစ် ရှိပြီဖြစ်သည့် Lotte Confectionery Co. သည်  Lotte Group ကုမ္ပဏီစုကြီး၏ လုပ်ငန်းတစ်ခု ဖြစ်သည်။ 

အမည်အသစ် "Lotte Wellfood " ကို ဧပြီလ ၁ ရက်တွင် စတင်သက်ရောက်မည်။ 

ကုမ္ပဏီ ရှယ်ယာရှင်များကလည်း အမည်အသစ်ဖြင့် လှုပ်ရှားလုပ်ကိုင်မည့် အစီအစဉ်ကို  သဘောတူကြသည်။ 

လက်ရှိတွင် ကမ္ဘာ့ဈေးကွက်ထဲ လုပ်ကိုင်မှု အချိုးအစားသည် ၂၀% ရှိသည်ကို ၅၀% သို့ ရောက်အောင် တိုးချဲ့လုပ်ကိုင်သွားမည် ဖြစ်သည်။ 

.

ယမန်နှစ်က Lotte Confectionery က မိခင်တူ လုပ်ငန်းခွဲ Lotte Food နှင့် ပေါင်းစည်းခဲ့သည်? Lotte Food သည် Lotte Group လက်အောက်မှ နို့ထွက်ပစ္စည်းများနှင့် စားသောက်ကုန်တို့ကို လုပ်ကိုင်သည်။ 

.

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ရုံးချုပ်ထားရှိသည့် Lotte Confectionery က အိန္ဒိယတွင် Havnor ရေခဲမုန့်စက်ရုံတစ်ရုံ ထူထောင်မည်ဟု ကြေညာခဲ့သည်။ Pune တွင် တည်ရှိသည့် ၎င်းစက်ရုံသည် အိန္ဒိယတွင်  Lotte Confectionery ၏ တတိယမြောက် စက်ရုံ ဖြစ်သည်။

.

Lotte Confectionery  သည် Xylitolအမှတ်တံဆိပ် chewing gum  ကိုလည်း လုပ်ကိုင်သည်။ သကြားလုံး အမျိုးမျိုး၊ ချောကလက်အမျိုးမျိုး၊ သွားရည်စာ အမျိုးမျိုးတို့ကို်လည်း လုပ်ကိုင်သည်။

ဘယ်လဂျီယံမှ ချောကလက်လုပ်ငန်း Guylian, ကို ၂၀၀၈ ခုနှစ်တွင် ဝယ်ယူခဲ့သည်။ 

.

ကုမ္ပဏီသည် အာရှနှင့် ဥရောပရှိ ဈေးကွက်များတွင် ပုရစ်မှုန့်များ၊ ပုရစ်ပရိုတင်းအတုံးများနှင့် ကွတ်ကီးများကို ရောင်းချရန်အတွက် ကနေဒါအခြေစိုက် ပုရစ်လုပ်ငန်း  Aspire Food Group နှင့် မဟာမိတ်ဖွဲ့ခဲ့သည်။

.

Lotte Confectionery သည် ဘယ်လ်ဂျီယံ၊ တရုတ်၊ ရုရှား၊ စင်ကာပူ၊ မြန်မာ၊ ပါကစ္စတန်နှင့် ကာဇက်စတန် နိုင်ငံများတွင် စက်ရုံများ ထားရှိသည်။ 

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင်  Lotte Confectionery သည်  ၁၉၉၆ ခုနှစ်တွင် မြန်မာနိုင်ငံမှာ စတင်ခဲ့ပြီး စက်ရုံ  ၃ ရုံ ရှိသည့်  မုန့်ဖုတ်လုပ်ငန် L&M Mayson  တွင်  ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ဝမ် ၇၇ ဘီလီယံ (ကန်ဒေါ်လာ ၆၈.၉ သန်း) ဖြင့် ဝယ်ယူခဲ့သည်။  L&M Mayson ၏ လူသိအများဆုံး ထုတ်ကုန်မှာ Good Morning ပေါင်မုန့် ဖြစ်ပါသည်။

.

Lotte Confectionery သည် ၂၀၂၂ ခုနှစ်တွင် ရောင်းအားဝင်ငွေ ဝမ် ၃ ထရီလီယံ(ကန်ဒေါ်လာ ၂.၃၄ ဘီလီယံ) ကျော် ရရှိခဲ့ပြီးနှင့် လုပ်ငန်းလည်ပတ်အမြတ်ငွေ ဝမ် ၁၁၂ ဘီလီယံကျော် ရရှိခဲ့ပါသည်။ 

Source just-food

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Tuesday, 28 March 2023 21:16
Rate this item
(0 votes)