Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးကင်

ဒီကနေ့တင်ပြမည့်အကြောင်းအရာကတော့ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် မိသားစုများ၊

သူငယ်ချင်းများနှင့် အဖွဲ့လိုက် အပြင်သွားစားစရာမလိုဘဲ အိမ်တွင်လည်း စားနိုင်တဲ့ ငါးကင် ပြုလုပ်နည်းအကြောင်းကို တင်ပြပေးလိုက်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ တီလားဗီးယားငါးတစ်ကောင်၊ ဆား၊ သံပရာသီး၊ ဟင်းခတ်မှုန့်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ရှမ်းနံနံ၊ ငရုတ်သီးစိမ်း၊ ပင်စိမ်းရွက်၊ ငရုတ်သီးဆီချက်တို့ လိုအပ်ပါမယ်။

ငါးကို သန့်စင်အောင်ရေဆေးပြီး ငါး၏ တစ်ဖက်တစ်ချက်ဆီကိုမွှန်းထားပါ။ ဂျင်း နှင့် ကြက်သွန်ဖြူကို ညက်အောင်ထောင်းထားပါ။ သံပရာသီး၊ ဂျင်းနှင့် ကြက်သွန်ဖြူ အရည်ကို ငါးပေါ်သို့ အနှံ့ညှစ်ချပါ။ ဗိုက်သားထဲကို ပါ ညှစ်ပါ။ ထို့ နောက် ဆား၊ ဟင်းခတ်မှုန့်ဖြင့် ငါး ကို နယ်ပါ။

အရည်ညှစ်ထားသော ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ရှမ်းနံနံ၊ နံနံပင်၊ ပင်စိမ်းရွက်တို့ ကို ထောင်းပါ။ ထောင်းထားသော အစာပလာများကို ငါး၏ ဗိုက်သားထဲကို အစာသွတ်လိုက်ပါ။

ငရုတ်သီးဆီချက်ကို ငါး၏မျက်နှာပြင် ၂ ဖက်လုံးကို စုတ်တံဖြင့် သုတ်ပေးထားပါ။ ပြီးနောက် ငါးကင်နိုင်ပါပြီ။ ငါးကင်နေစဉ်မှာ ငါး၏ မျက်နှာပြင်ကို ငရုတ်သီးဆီချက်ဖြင့် သုတ်ပေးပါ။ ငါးအရေခွံများ ကပ်မသွားစေရန် ကင်မည့် သံပြားကိုလည်း ဆီသုတ်ပေးပါ။

ငါးကင် အပေါ်ယံ တူးမသွားစေရန် မီးအေးအေးဖြင့် စိတ်ရှည် လက်ရှည်ကင်နိုင်လျှင် အမြင်လှ၍ အရသာလည်း ပိုကောင်းမှာဖြစ်ပါတယ်။

Read 9216 times Last modified on Thursday, 13 September 2018 16:57
Rate this item
(2 votes)