Korea



တမူထူးခြားသည့် Pink Kimchi

တမူထူးခြားသည့် Pink Kimchi  

TO GET INSTANT UPDATE 

https://t.me/Guid4U

ကင်းချီကို ကိုးရီးယားတို့် အစာတစ်နပ် စားသုံးတိုင်း မပါမဖြစ် စားသုံးကြသည်။ 

 

ရှည်လျားသောသမိုင်းကြောင်း ပိုင်ဆိုင်ထားသည့် ကင်းချီသည် အမျိုးမျိုးအစားစား ရှိသည်။

 

 ဂေါ်ဖီထုပ် သို့မဟုတ် မုန်လာဥနီတို့ကို ငရုတ်သီးဖတ်များဖြင့် ပြုလုပ်ထားသည့် baechu Kimchi (ဂေါ်ဖီထုပ် ကင်းချီ) ၊ ငရုတ်သီးဖတ် မပါသည့် dongchimi (မုန်လာဥရေကင်ချီ) စသဖြင့် ကင်းချီကို  အမျိုးမျိုး တီထွင်ထုတ်လုပ်ကြပါသည်။

 

ကင်းချီ စားသောက်ကုန် အမှတ်တံဆိပ်  Pink Kimchi  သည် တစ်မူထူးခြားသည့် တရုတ်မုန်လာဖြင့် ပြုလုပ်ထားသော  ပန်းနုရောင် dongchimi ကို ထုတ်လုပ်ရောင်းချသည်။ 

ကိုရီးယားနိုင်ငံ Ganghwa Island မှာ စိုက်ပျိုးထုတ်လုပ်သည့် တရုတ်မုန်လာဥများကို အသုံးပြုသည်။ 

"Ganghwa တရုတ်မုန်လာဥတွေကို စဉ်းစားမိရင် Pink Kimchi ကို လူတွေ အမှတ်ရစေမယ့် အရာတစ်ခုကို တည်ဆောက်ထားချင်ပါတယ်။ ပြီးတော့ ကင်းချီတွေမှာ အမျိုးမျိုးအဖုံဖုံ ကွဲပြားမှုတွေ ရှိတာကြောင့် အမှတ်တံဆိပ်မှာ  မျိုးဆက်တိုင်းက နှစ်သက်ကြတဲ့ အရသာငါးမျိုး ဖြင့် ထုတ်လုပ်ပေးထားပါတယ်။ မတူကွဲပြားတဲ့ အရသာကို ခံစားနိုင်မှာပါ" ဟု  Pink Kimchi စီအီးအို Kim Kyoung-min က ပြောကြားသည်။ 

 

 

photo_2023-07-22_19-06-07.jpg

Pink Kimchi CEO Kim Kyoung-min

Korea Times photo by Choi Won-suk

 

Kim ၏ မိခင် အိမ်တွင်းဖြစ် ကင်းချီကို ရောင်းချသည်ကို ချဲ့ထွင်ပြီး brand တစ်ခု အဖြစ် Pink Kimchi ကို ထူထောင်ခဲ့သည်။ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာအောင် ချဲ့ထွင်ခဲ့သည်။

 

တရုတ်မုန်လာဥ ဖြင့် ပြုလုပ်ထားသည့် ကင်းချီတွင် အခါးဓာတ် ပါသည်။ ထို့ကြောင့် မစားနိုင်သူများ ရှိသည်။ အခြားတစ်ဖက်၌ ၎င်းအခါးဓာတ် ပါနေသည်ကို နှစ်သက်သဖြင့် စားကြသူများလည်း ရှိသည်။ 

အသက် ၃၇ နှစ်အရွယ် စီအီးအိုသည် ကင်မ်ချီပြုလုပ်ရာတွင် ယခင်က အတွေ့အကြုံမရှိခဲ့ချေ။ လူနေမှုပုံစံမဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ပြီး Pink Kimchi ကို brand ထူထောင်ခဲ့ခြင်း ဖြစ်သည်။ 

 

Kim က ထုတ်ကုန်တစ်ခုဖြင့် လုပ်ငန်း စတင်ခဲ့ပါသည်။  သူ့မိခင် လုပ်နေကျ ဖြစ်သည့်  ရိုးရိုးမုန်လာဥနီ ကင်းချီ တစ်မျိုးတည်းကိုသာ ရောင်းချခဲ့သည်။ 

 

ကိုဗစ် ကပ်ဘေး ကျရောက်လာသည့်အခါ အွန်လိုင်းပလက်ဖောင်း တစ်ခုဖြင့် အရောင်းဆိုင် ဖွင့်လှစ်ခဲ့သည်။ ဈေးကွက်ထဲမှာ ပြိုင်ဘက်များ များပြားသည်။ နာမည်ကြီး brand များကလည်း ဈေးကွက်ဝေစုကို သိမ်းပိုက်ထားကြသည်။ 

“ကိုရီးယားမှာ ကင်းချီရောင်းရတာက စျေးကွက်ကို ဦးဆောင်နေတဲ့ အမှတ်တံဆိပ်ကြီးတွေ ရှိပြီးသားဆိုတော့ တကယ်ကို ခက်ခဲတယ်ဆိုတာ ကျွန်မ နားလည်သဘောပေါက်သွားခဲ့ပါတယ်။ ကျွန်မ ထုတ်လုပ်တဲ့ တရုတ်မုန်လာဥ ကင်းချီက အခါးဓာတ် ပါတာကြောင့် ကြိုက်သူ ရှိသလို မုန်းတဲ့သူတွေလည်း ရှိနေပါတယ်။ ဒီတော့ အဲဒီ ထုတ်ကုန် တစ်မျိုးတည်းဖြင့် ဆက်လုပ်နေရင် ဆက်လက် တည်တံ့ဖို့ မလွယ်ဘူး။ တခြားကင်းချီ အမျိုးမျိုး ထုတ်လုပ်ခဲ့ပါတယ်" ဟု သူမက ပြောကြားသည်။ 

 

အဓိက ထုတ်ကုန်အဖြစ် မိခင်ကို တရုတ်မုန်လာဥ ကင်းချီ  dongchimi ကို  ထုတ်လုပ်စေသည်။ ထို့ပြင် သူမကိုယ်တိုင် စမ်းသပ်ထုတ်လုပ်သည့် အခြားကင်းချီ အမျိုးမျိုးကို ထုတ်လုပ်သည်။ ထိုင်းစတိုင် ကင်းချီ၊ ပြင်သစ်စတိုင် ကင်းချီ စသည်တို့ကို ထုတ်လုပ်သည်။ နိုင်ငံခြားစတိုင် ကင်းချီများက တစ်မူထူးခြားနေသဖြင့် စားသုံးသူများသည်  Pink Kimchi ကို သတိပြုမိကြသည်။

ယမန်နှစ်က နိုင်ငံအဆင့် ကင်းချီပြုလုပ်သည့် ပြိုင်ပွဲတွင် Pink Kimchi ၏ တရုတ်မုန်လာဥ ကင်းချီ dongchimi ဆု ရရှိခဲ့သည်။ 

Source koreatimes

 

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

Read times Last modified on Saturday, 22 July 2023 19:43
Rate this item
(0 votes)