Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီးယားစတိုင်လ် ၀က်နံရိုးကင်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင်သွားရောက်စားသောက်စရာမလိုဘဲ

အိမ်တွင်လည်း ကိုယ်တိုင်လုပ်စားနိုင်တဲ့ ကိုရီးယားစတိုင်လ် ၀က်နံရိုးကင်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ၀က်နံရိုး၊ ပျားရည်၊ ဆီ၊ ဆား၊ သကြား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ပန်းသစ်တော်၊ ငရုတ်သီးမှုန့်၊ ပဲငါးပိ၊ ဆန်ဝိုင်၊ ပဲငံပြာရည်အကြည်တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ၀က်နံရိုးများကို စိတ်ကြိုက်အတုံးကလေး ဖြစ်သွားအောင် အရိုးတစ်ခုကြားဆီမှာ လှီးဖြတ်ထားပြီး ရေအေးထဲတွင် စိမ်ထားပေးပါ။

 

ပြီးလျှင်ဝက်နံရိုးနှပ်ရန်အတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးမှုန့်၊ ပဲငါးပိ၊ ပန်းသစ်တော်၊
ဆန်ဝိုင်၊ ပဲငံပြာရည် တို့အားလုံးကို ကြိတ်စက်ဖြင့် ကြေညက်အောင် ကြိတ်လိုက်ပါ။

 

ပြီးရင်တော့ ကြိတ်ပြီး ရလာသော ဆော့စ်ရည်များကို ဒယ်အိုးထဲသို့
လောင်းထည့်ပြီး မီးအသင့်အတင့်ဖြင့် မိနစ်အနည်းငယ်ခန့် တည်ထားပေးပါ။

 

တည်ထားစဉ်အတွင်း ၀က်နံရိုးကို ဆားနှင့် သကြားတို့ဖြင့် သမအောင် ရောမွှေလိုက်ပါ။

 

မီးပိတ်ပြီးမှ ပျားရည်၊ ဆီ တို့ကို ထည့်ရောမွှေလိုက်ပါ။ ၀က်နံရိုးအတွက် ဆော့စ်ရည်ကို
ချက်ချင်း မလောင်းသေးဘဲ မိနစ်အနည်းငယ်ခန့် အေးအောင် ထားပေးပါ။

 

ဆော့စ်အရည်အေးသွားမှ ၀က်နံရိုးများပေါ်သို့ လောင်းပေးပါ။ ပြီးမှ ၀က်နံရိုးကိုဆော့စ် ရည်များဖြင့် ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၁နာရီခန့် နှပ်ထားပေးပါ။ တစ်ညသိပ်ထားရင်တော့
ပိုမို ကောင်းမွန်ပါသည်။

 

ပြီးနောက် Oven ကင်စက်ထဲ ထည့်၍ ၁၇၀ ဒီဂရီဖြင့် တစ်ဖက်ကို ၂၅ မိနစ် ဖြင့် တစ်နာရီခန့်ကြာအောင် ကင်ပေးပါ။

 

နောက်ဆုံးတွင်တော့ အရသာထူးခြားကောင်းမွန်သော ကိုရီးယား ၀က်နံရိုးကင်ကို
မြိန်ယှက်စွာ စိတ်ကြိုက်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:31
Rate this item
(1 Vote)