Korea



တောင်ကိုရီးယား ၂၀၂၃ ခုနှစ် အေးခဲသစ်သီးဝလံ တင်သွင်းမှု စံချိန်သစ်တင်

တောင်ကိုရီးယား ၂၀၂၃ ခုနှစ် အေးခဲသစ်သီးဝလံ တင်သွင်းမှု  စံချိန်သစ်တင်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

တောင်ကိုရီးယားနိုင်ငံတွင် အေးခဲသစ်သီးဝလံ တင်သွင်းမှုသည် ၂၀၂၃ ခုနှစ်တွင် စံချိန်သစ်တင်ခဲ့သည်။

ကိုရီးယားနိုင်ငံမှ အေးခဲသစ်သီးဝလံ တင်သွင်းမှုသည် ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၆၄,၀၀၀ အထိ မြင့်တက်ခဲ့ပြီး ယခင်နှစ်ထက် ၆% ပိုများသည်ဟု ကိုရီးယား ကျေးလက်စီးပွား အင်စတီကျုမှ အစီရင်ခံစာ ထုတ်ပြန်သည်။

 .

ပြည်တွင်းထွက် လတ်ဆတ်သစ်သီးဝလံများ ဈေးကွက်ထဲ အဝင်နည်းသဖြင့် ဈေးမြင့်တက်သည်။ ထိုအခါ ဈေးသက်သာသည့် အေးခဲသစ်သီးဝလံများ အဝယ်လိုက်သည်။ သို့ဖြစ်ရာ ပြည်ပမှ အေးခဲသစ်သီးဝလံများ ပိုမိုတင်သွင်းကြပြီး ပြည်တွင်းဈေးကွက်ထဲမှာ ရောင်းချကြသည်။ ထို့ကြောင့် အေးခဲသစ်သီးဝလံများ တင်သွင်းသည့် ပမာဏ ပိုများခဲ့သည်ဟု ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ 

.

အစီရင်ခံစာအတွက် စစ်တမ်းကောက်ယူခဲ့ရာ၌ ပြည်တွင်းမှ စားသုံးသူ ၅၀၀ ကို မေးမြန်းခဲ့ရာ ၃၈% က အေးခဲထားသော သစ်သီးများကို ဝယ်ယူခဲ့ကြသည်မှာ ကြာကြာအထားခံအောင် ထိန်းသိမ်းဖို့ လွယ်ကူသောကြောင့်ဟု ဖြေဆိုသည်။

၂၂%က လတ်ဆတ်သစ်သီးဝလံများထက် အေးခဲသစ်သီးဝလံများက ဈေးသက်သာသောကြောင့် အေးခဲသစ်သီးဝလံများ ဝယ်ယူသည်ဟု ဖြေဆိုပါသည်။ 

Source Yonhap


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Sunday, 18 February 2024 13:24
Rate this item
(0 votes)