Korea



တောင်ကိုရီးယား ခေါက်ဆွဲထုပ် ပြည်ပတင်ပို့မှု စံချိန်တင် မြင့်တက်

တောင်ကိုရီးယား ခေါက်ဆွဲထုပ် ပြည်ပတင်ပို့မှု စံချိန်တင် မြင့်တက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

တောင်ကိုရီးယားနိုင်ငံမှ အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ်များကို ကမ္ဘာတစ်ဝှမ်း ၁၂၈ နိုင်ငံသို့ တင်ပို့လျက်ရှိပြီး တရုတ်၊ အမေရိကန်နှင့် ဂျပန် နိုင်ငံများသို့ အများဆုံး တင်ပို့သည်။

ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာတွင် ကန်ဒေါ်လာ ၇၈၅.၂၅ သန်းဖိုး တင်ပို့ခဲ့သည်။ 

၂၀၂၂ ခုနှစ် တစ်နှစ်တာတွင် ကန်ဒေါ်လာ ၇၆၅.၄၁ သန်း တင်ပို့ခဲ့သည်ထက် ယခုနှစ် ၁၀ လတာ တင်ပို့ခဲ့သည်က ပိုများပါသည်။

တနှစ်တာ ခေါက်ဆွဲခြောက်ထုပ် တင်ပို့သည့် စုစုပေါင်းတန်ဖိုးသည် တစ်နှစ်ထက် တစ်နှစ် ပိုများလာခဲ့သည်မှာ ၉ နှစ်ဆက်တိုက် ရှိသွားပြီ ဖြစ်သည်။

 

အဆိုပါ ၁၀ လတာတွင်  အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ်များ မက်ထရစ်တန်  ၂ သိန်းကျော် တင်ပို့ခဲ့သည်။ 

တန်ချိန်အားဖြင့်လည်း ယခုနှစ်တွင် ယမန်နှစ်ထက် ပိုများမည် ဖြစ်သည်။

 

တောင်ကိုရီးယား ကုမ္ပဏီ အချို့သည် ပြည်ပဈေးကွက်ထဲတွင် စက်ရုံ ထူထောင်ပြီး ထုတ်လုပ်ကြသည်။ ဒေသခံတို့ ကြိုက်နှစ်သက်သည့် အရသာကို အလေးပေးပြီး ထုတ်လုပ်ကြသည်။

 

တောင်ကိုရီးယားတွင် အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ်များကို အများဆုံး ထုတ်လုပ်သူနှင့် အများဆုံး ပြည်ပတင်ပို့သူ Nongshim သည် ပြည်တွင်း ထုတ်လုပ်မှုအပြင် အမေရိကန်နှင့် တရုတ်တို့တွင် စက်ရုံများ ထားရှိပြီး ထုတ်လုပ်သည်။ 

၂၀၂၃ ခုနှစ် ပထမ ၃ လပတ်တွင် ရရှိသည့် အမြတ်စုစုပေါင်း၏ ထက်ဝက်ကျော်ကို အမေရိကန် လုပ်ငန်းခွဲထံမှ ရရှိသည်။

 

Samyang Foods သည်လည်း တောင်ကိုရီးယားတွင် အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ် အမျိုးမျိုး ထုတ်လုပ်သည့် လုပ်ငန်းကြီး ဖြစ်ပြီး  ၂၀၂၂ ခုနှစ်တွင် ဝမ် ၆၀၅ ဘီလီယံဖိုး ပြည်ပသို့ တင်ပို့ခဲ့သည်။

 

ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာတွင် တရုတ်နိုင်ငံသို့ တင်ပို့မှု အများဆုံး ဖြစ်ပြီး ဒုတိယ အများဆုံး တင်ပို့ခဲ့သည့် နိုင်ငံမှာ အမေရိကန် ဖြစ်သည်။ ဂျပန်သည် တတိယ၊ နယ်သာလန်သည် စတုတ္ထနှင့် မလေးရှားသည် ပဉ္စမ အများဆုံး ဖြစ်သည်။ 

Source The Korea Herald


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Monday, 20 November 2023 20:39
Rate this item
(0 votes)