Myanmar
သက်သတ်လွတ်သမားများအတွက် သီးစုံနှင့် အသားတုချဉ်စပ်ဟင်း
ဝါတွင်းကာလမှာ သက်သတ်လွတ်စားချင်သူများအတွက် သီးစုံဟင်းပုံစံကနေအနည်းငယ်ခွဲထွက်ပြီးချက်ထားတဲ့ အသားတုချဉ်စပ်ဟင်းချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပြီးလျှင် အာလူး၊ ကြက်သွန်နီ၊ မျှစ်၊ မုန်လာဥနီစသော မာသည့်အသီးအရွက်များနှင့် အသားတုတို့ကိုထည့်ပြီးမွှေပေးပါ။
အာလူးအနည်းငယ်ပျော့ပြီး ကြက်သွန်နီဥများအရောင်ကြည်လာလျှင် အသားတု၊ ခရမ်းသီး၊ ရုံးပတီသီး၊ မျှစ်၊ အာလူး၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ပဲတောင့်ရှည်၊ ဆား၊ သကြား အစရှိသည့် ပါဝင်ပစ္စည်းများအားလုံးကို ထည့်မွှေပေးထားပါ။
ပြီးနောက် ရေနွေးဆူဆူ တစ်ခွက်ကျော်ကျော်သာထည့်ပြီး အဖုံးအုပ်၍ တည်ထားပေးပါ။
ပြီးလျှင် အမယ်များအားလုံးနူးပြီး အရည်ခမ်းကာနီးတွင် မန်ကျည်းနှစ်အရည်ထည့်ပြီး အရသာအပေါ့အငန် မြည်းကြည့်၍ လိုအပ်သလို ပြင်ဆင်နိုင်ပါတယ်။
နောက်ဆုံးမှ နံနံပင်၊ ဆူးပုပ်ရွက်များထည့်ရင်တော့ သက်သတ်လွတ်သီးစုံဟင်းနှင့် အသားတုချဉ်စပ်ဟင်းကို ထမင်းပူပူနှင့်တွဲဖက်၍ အရသာရှိစွာသုံးဆောင်နိုင်ပါတယ်။
Read More >>>>> သက်သတ်လွတ် အာလူးကြွပ်ချဉ်ငံစပ်သုပ်