Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကလေးများအကြိုက်တွေ့စေမယ့် ကြက်ဥပူတင်း

အာဟာရပြည့်ဝ သွားရည်စာတွေထဲက တစ်ခုအပါအဝင်ဖြစ်သလို ကလေးလူကြီးမရွေး ကြိုက်နှစ်သက်တဲ့ ကြက်ဥပူတင်း ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ သကြား၊ ကြက်ဥ၊ နွားနို့၊ ရေ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး သကြားကို ရေထည့်ပြီး သကြားပျော်သည်အထိ ကျိုပေးပါ။ ပြီးလျှင် အရည်ပျော်ပြီးသား သကြားရည်ကို အောက်ခံပြားခွက်ထဲမှာလောင်းထည့်လိုက်ပါ။

 

ပြီးနောက် ကြက်ဥကို သမအောင် ခေါက်ထားပါ။ ပြီးရင်တော့ နွားနို့နဲ့သကြားကို သကြားရည်ပျော်တဲ့အထိ မွှေပြီး ကျိုပေးပါ။

 

သကြားအရည်ပျော်သွားတဲ့အခါမှာတော့ ကြက်ဥခေါက်ထားတဲ့အထဲကို ဖြည်းဖြည်းချင်း မွှေထည့်လိုက်ပါ။

 

ပြီးနောက် သကြားထည့်ထားတဲ့ ခွက်ထဲကို ဖြည်းဖြည်းချင်းလောင်းထည့်ပြီး အဖုံးလေးအုပ်ထားပေးပါ။

 

ပြီးလျှင် လောင်းထည့်ထားတဲ့ခွက် ထည့်လို့ရနိုင်မယ့် ဒန်အိုးထဲမှာ ခွက်တစ်ဝက်လောက်မြုပ်အောင်ရေထည့်ပြီး မီးဖိုပေါ်တင်အပူပေးကာ ရေနွေးငွေ့နဲ့ ခဲအောင်လုပ်ပေးပါ။

 

ခဲလာပြီဆိုရင်တော့ ခွက်လေးကိုလှုပ်ကြည့်ပေးပါ။ ပြီးလျှင် ကွာပြီး ဂျယ်လီတုံးလေးလို တုံတုံအိအိလေးဖြစ်သွားပြီဆိုရင်တော့ ပန်းကန်တစ်ခုထဲကို မှောက်ချလိုက်ပါ။

 

ရပြီဆိုရင်တော့ အာဟာရပြည့်ဝပြီး အချိုအဆိမ့်အရသာရှိတဲ့ ကြက်ဥပူတင်းလေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 10:08
Rate this item
(0 votes)