Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အအီပြေစေမယ့် ဝက်သားစွန်တန်သောက်ဆမ်း

ဝက်သားကို ပုံမှန်အတိုင်းမချက်ဘဲ အအီပြေစေပြီး ဟင်းရည်လေးနဲ့ သောက်ဆမ်း စားချင်သူများအတွက် ဝက်သားစွန်တန်သောက်ဆမ်းလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ဝက်သား၊ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ချင်း၊ စွန်တန်ခြောက်၊ ခရမ်းချဉ်သီး၊ တို့ ပါဝင်ပါမယ်။

 

ပထမဦးဆုံး ဝက်သားသုံးထပ်သားကို ရေဆေးသန့်စင်၍ အရွယ်တော်အတုံးကလေးတွေလှီးပြီး ဟင်းအိုးသို့ ထည့်ပါ။ ပြီးလျှင် စွန်တန်ခြောက်၊ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူ၊ ချင်း တို့ကို လုံးချက် ချက်ပါ။

 

ပြီးနောက် ခရမ်းချဉ်သီး အစိတ်လိုက်လှီးထားတာကို ထည့်လိုက်ပါ။ ခရမ်းချဉ်သီးဖတ်တွေ လိပ်တက်လာတဲ့အထိ လုံးချက်ချက်ပြီးမှ ရေဖြည့်ထည့်ပါ။

 

ပြီးလျှင် ငရုတ်သီးစိမ်းထည့်ပါ။ ပြီးနောက် ဆား၊ ဟင်းခတ်မှုန့်တို့နဲ့ အရသာကို ဖြည့်စွက်ပါ။ ခံတွင်းပျက်နေသူများအတွက် ချင်းကို များများထည့်ပြီး ချက်ပါက အနံ့မွှေးပြီး ဟင်းရည် သောက်ရတာပိုကောင်းပါတယ်။

 

ပြီးရင်တော့ ဟင်းရည်ကို အရည်ကျန်အောင်တည်ပြီးရင်တော့ ခံတွင်းမြိန်စေမယ့် ဝက်သား စွန်တန်သောက်ဆမ်းလေးကို အရသာရှိ စွာ ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ပါတယ်။

Read times
Rate this item
(3 votes)