Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မာလာဟင်း

သူငယ်ချင်းအဖွဲ့နှင့် စားချင်လို့ပဲဖြစ်ဖြစ်၊ မိသားစုဆုံတုန်းလေး စားချင်လို့ပဲဖြစ်ဖြစ် ဆိုင်တွင်

သွားရောက်စားသောက်စရာမလိုဘဲ အိမ်တွင်လည်း ကိုယ်တိုင်ပြုလုပ်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ မာလာခေါက်ဆွဲအစုံ၊ နှစ်သက်ရာအသီးအနှံ၊ ငါးသားလုံး၊ ကြက်သား၊ ငုံးဥ၊ ကြက်သွန်ဖြူဆီချက်၊ နှမ်း၊ မြေပဲထောင်း၊ ငရုတ်သီးဆီချက်၊ ပဲငံပြာရည်အကြည်၊ ခရုဆီ၊ သကြား၊ ကြက်သားမှုန့်၊ ချဉ်စပ်ပဲငပိအနှစ်၊ ကြက်ပြုတ်ရည် တို့ လိုအပ်ပါမယ်။

ပထမဦးဆုံး ကြက်သွန်ဖြူ ဆီချက်၊ နှမ်း၊ မြေပဲထောင်း၊ ငရုပ်သီးဆီချက်၊ ပဲငံပြာရည် အကြည်၊ ခရုဆီ၊
သကြား၊ ကြက်သားမှုန့်၊ ချဉ်စပ်ပဲငပိအနှစ်၊ ကြက်ပြုတ်ရည်တို့ကို အိုးတစ်လုံးထည့်ပြီး အပူပေးထားပါ။

 

ပြီးလျှင် ကြက်သား၊ ငုံးဥ၊ ငါးလုံး၊ ခေါက်ဆွဲနှင့် နှစ်သက်ရာအသီးအနှံတို့ကိုသီးသန့် ရေနွေးဖျောထားပါ။


ပြီးနောက် တည်ထားသော ဟင်းရည်ထဲသို့ ပြောင်းထည့်ကာ ပွက်ပွက်ဆူ၍ အရသာရှိအောင်တည်ထားပါ။

 

ပြီးရင်တော့ အရသာအပေါ့ငံမြည်း၍ မာလာဟင်း ချဉ်စပ်လေးကို ထမင်းပူပူလေးနှင့် တွဲဖက်သုံး ဆောင်နိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:20
Rate this item
(1 Vote)