Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံပန်းမန်ပြပွဲနှင့်ပြိုင်ပွဲ

Unicode

 

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံပန်းမန်ပြပွဲနှင့်ပြိုင်ပွဲ


(၁၈) ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံပန်းမန်ပြပွဲနှင့်ပြိုင်ပွဲကို လာမယ့် ဇန်နဝါရီ  ၁၆ ရက်မှ ၂၀ ရက်အထိ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီး လူထုအပန်းဖြေ ဥယျာဉ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။


၎င်းပြိုင်ပွဲများမှာ   . . . . .


ပန်းအလှပြုပြင်ခြင်းပြိုင်ပွဲ


အရွက်အလှပင်ပြိုင်ပွဲ


 ရွက်လှပင်ပြိုင်ပွဲ


 ပြည်တွင်းသစ်ခွပြိုင်ပွဲ


 ပြည်ပသစ်ခွပြိုင်ပွဲ (ကတ်တလီးယားပြိုင်ပွဲ)


 ပြည်ပသစ်ခွ (စင်ဘီးဒီးယမ်းပြိုင်ပွဲ)


 ပြည်ပသစ်ခွ (ဗန်ဒါပြိုင်ပွဲ)


နှင်းဆီပင်အမျိုးမျိုးပြိုင်ပွဲ


ရှားဇောင်းပင်ပြိုင်ပွဲ


သက်ကြီးပုပင် (ဘွန်ဆိုင်း) ပြိုင်ပွဲ


 အသီးပါသည့်အလှပင်ပြိုင်ပွဲ


 ဟင်းသီးဟင်းရွက်အရွက်ပြိုင်ပွဲ (ဥပမာ-မုန့်ညှင်းရွက်)


ဟင်းသီးဟင်းရွက်အထုပ်ပြိုင်ပွဲ (ဥပမာ - ဂေါ်ဖီထုပ်၊ ပန်းမုန်လာထုပ်)


 ဟင်းသီးဟင်းရွက် အသီးပါ အပင်ပြိုင်ပွဲ (ဥပမာ - ခရမ်း၊ ငရုတ်)


 ဟင်းသီးဟင်းရွက်ဥပြိုင်ပွဲ (ဥပမာ - မုန်လာဥ)


သစ်သီးပြိုင်ပွဲ (ဥပမာ - သင်္ဘောသီး၊ ဖရဲသီး)


ဟင်းသီးဟင်း ရွက်အလုံးလိုက်ပြိုင်ပွဲ (ဥပမာ - ဘူးသီး)


 သစ်သီးဝလံ အခိုင်လိုက်ပြိုင်ပွဲ (ဥပမာ-ငှက်ပျောခိုင်၊ အုန်းသီးခိုင်)


သစ်သီးဝလံဥပြိုင်ပွဲ (ဥပမာ - စိမ်းစားဥ၊ ကန်စွန်းဥ၊ ဝဥ၊ မျောက်ဥ)


ဟင်းသီးအသီးအနှံအတွဲလိုက်ပြိုင်ပွဲ (ဥပမာ - ခရမ်းချဉ်သီး)


သစ်သီးပုံဖော် အလှဆင်ခြင်းပြိုင်ပွဲ


ရာသီပန်းအလှပင်ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်နိုင်မှာပဲဖြစ်ပါတယ်။


Read More >>>>>     ရခိုင်ပြည်နယ်တွင် ဖန်လုံအိမ်နည်းပညာဖြင့် ငါးခြောက်လုပ်ငန်း ပြုလုပ်


ထို့ကြောင့် ပါဝင်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံပန်းမန်တွေကို ကန်တော်ကြီး လူထုအပန်းဖြေဥယျာဉ်ကွပ်ကဲရေးရုံးကို ဇန်နဝါရီ၁၅ရက် နံနက် ၉ နာရီ နောက်ဆုံးထားပြီးပေးပို့ရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအမျိုးအစားအားလုံးအတွက် ပထမဆုကျပ်နှစ်သိန်း၊ ဒုတိယဆုကျပ်တစ်သိန်းခွဲ၊ တတိယဆု ကျပ်တစ်သိန်း၊ နှစ်သိမ့်ဆု(၃)ဆုအတွက် ကျပ်သုံးသောင်းစီ ချီးမြှင့်မှာဖြစ်ကြောင်း သိရပါတယ်။


ဖျော်ဖြေရေးအစီအစဉ်များအနေများကတော့   . . .


ဇန်နဝါရီ ၁၆ ရက်နေ့ညတွင် မြို့မတေး ဂီတအဖွဲ့


ဇန်နဝါရီ ၁၇ ရက်နေ့ညတွင် ပါဝါပလပ်ဂီတအဖွဲ့


ဇန်နဝါရီ ၁၈ ရက်နေ့ညတွင် ရွှေသံစဉ်ဂီတအဖွဲ့


ဇန်န ဝါရီ ၁၉ ရက်နေ့ညတွင် Unique ဂီတ အဖွဲ့


ဇန်နဝါရီ ၂၀ ရက်ညတွင် မြန်မာနိုင်ငံဂီတအစည်းအရုံး (မန္တလေး) တို့က ညစဉ် ၇ နာရီမှ ၁၀ နာရီအထိ ဖျော်ဖြေသွားမှာ ဖြစ်ကြောင်း သိရပါတယ်။


#MFID

 


 


 


 


 


 

 ရွက်လှပင်ပြိုင်ပွဲ

 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 

 

Read More >>>>>     ရခိုင်ပြည်နယ်တွင် ဖန်လုံအိမ်နည်းပညာဖြင့် ငါးခြောက်လုပ်ငန်း ပြုလုပ်

 

 


 












 

#Myanmar Food Industry Directory

Read times Last modified on Thursday, 30 January 2020 14:53
Rate this item
(0 votes)