Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


လွယ်လင့်တကူပြုလုပ်နိုင်တဲ့ အသားနဲ့သီးနှံစုံကင်ပြုလုပ်နည်း

Unicode

နှစ်သစ်တွင် မိသားစုစုံစုံညီညီနဲ့ သုံးဆောင်ဖို့အတွက် အသားနဲ့ သီးနှံစုံကင် ပြုလုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ကြက် (သို့) ဝက်၊ ကြက်သွန်ဖြူ၊ ချင်းအရည်၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးအစိမ်းမှုန့်၊ သကြား၊ ဆော့စ်၊ ဆား၊ ကြက်သွန်နီ၊ ပန်းငရုတ်ပွအစိမ်း၊ ပန်းငရုတ်ပွအဝါ၊ ခရမ်းချဉ်သီး၊ ဆီ တို့လိုအပ်ပါမယ်။


ပထမဦးဆုံး ဝက်သားကို ရေဆေးပြီးအရွယ်တော်အတုံးကလေးတွေဖြစ်အောင် လှီးဖြတ်ထားပါ။


ပြီးနောက် အရသာအထဲကိုဝင်ဖို့အတွက် ဝက်သားကို ခက်ရင်းနှင့် အချက် ၃ ချက်ခန့်ထိုးပါ။


ပြီးလျှင် အရသာအတွက် ကြက်သွန်ဖြူ၊ ချင်းအရည်၊  ဆော့စ်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးအစိမ်းမှုန့်၊ သကြား တို့ဖြင့် နယ်ပြီး ရေခဲသေတ္တာထဲ အချိန် ၅ နာရီခန့်ထည့်၍ နှပ်ထားပါ။ နှပ်ထားနေစဉ်အတွင်း အရသာဝင်ဖို့အတွက် တစ်နာရီတစ်ခါ အထက်အောက်မွှေပေးထားပါ၊


ပြီးနောက် ကြက်သွန်နီအခွံနွှာ လေးစိတ်လှီးပြီး အလွှာလေးတွေဖြစ် ပြုလုပ်ထားပါ။  ပြီးလျှင် ငရုတ်ပွများကို အညှာခြွေပြီး လေးစိတ်လှီး၍ အစေ့များကို ဖယ်ထုတ်ပေးပါ ခရမ်းချဉ်သီးကို လည်း ထိုနည်းအတိုင်း ပြုလုပ်ပေးပါ။


အသားနှပ်ထားတာရပြီဆိုရင်တော့ သီတံဖြင့် အသားတုံးများနှင့် အသီးအနှံများကို သင့်သလို ထိုးသီပေးပါ။  

 

Read More >>>>>   ကေလးမ်ားအႀကိဳက္ေတြ႔ေစမယ့္ ပုစြန္နဲ႕ၾကက္ဥေၾကာ္


ပြီးလျှင် ကင်မည့်နေရာတွင် အသားကင်အပြားပေါ်တင်၍ အသားနှင့် အသီးအနှံများကို ကင်နိုင်ပါတယ်။  ကင်နေစဉ် အတောအတွင်း အသားများအရောင်ပြောင်းလာလျှင်တော့ ဆော့စ်နှင့် ဆီတို့ကို အကင်ကို သုပ်ပေးပါ။  


ပြီးနောက် အကင်အနံ့မွှေးလာပြီး အသားများကျက်ပြီဆိုရင်တော့ ပူပူနွေးနွေး အရသာအလွန်ရှိတဲ့အသားနှင့် သီးနှံစုံကင်တို့ကို  အချဉ်ရည် နှင့်တွဲဖက်၍  မိသားစု (သို့)  မိတ်ဆွေသူငယ်ချင်းများနှင့်အတူ ပျော်ပျော်ပါးပါး သုံးဆောင်နိုင်ပါတယ်။


#Myanmar Food Industrial Directory

 

 

 

 

ႏွစ္သစ္တြင္ မိသားစုစံုစံုညီညီနဲ႕ သံုးေဆာင္ဖုိ႕အတြက္ အသားနဲ႕ သီးႏွံစံုကင္ ျပဳလုပ္နည္းေလးကို ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။

 

ပါဝင္ပစၥည္းမ်ားကေတာ့ ၾကက္ (သုိ႕) ဝက္၊ ၾကက္သြန္ျဖဴ၊ ခ်င္းအရည္၊ င႐ုတ္ေကာင္းမႈန္႕၊ င႐ုတ္သီးအစိမ္းမႈန္႕၊ သၾကား၊ ေဆာ့စ္၊ ဆား၊ ၾကက္သြန္နီ၊ ပန္းင႐ုတ္ပြအစိမ္း၊ ပန္းင႐ုတ္ပြအဝါ၊ ခရမ္းခ်ဥ္သီး၊ ဆီ တို႕လိုအပ္ပါမယ္။


ပထမဦးဆံုး ဝက္သားကို ေရေဆးၿပီးအရြယ္ေတာ္အတံုးကေလးေတြျဖစ္ေအာင္ လွီးျဖတ္ထားပါ။

 

ၿပီးေနာက္ အရသာအထဲကိုဝင္ဖုိ႕အတြက္ ဝက္သားကို ခက္ရင္းႏွင့္ အခ်က္ ၃ ခ်က္ခန္႕ထိုးပါ။

 

ၿပီးလွ်င္ အရသာအတြက္ ၾကက္သြန္ျဖဴ၊ ခ်င္းအရည္၊  ေဆာ့စ္၊ ဆား၊ င႐ုတ္ေကာင္းမႈန္႕၊ င႐ုတ္သီးအစိမ္းမႈန္႕၊ သၾကား တို႕ျဖင့္ နယ္ၿပီး ေရခဲေသတၱာထဲ အခ်ိန္ ၅ နာရီခန္႕ထည့္၍ ႏွပ္ထားပါ။ ႏွပ္ထားေနစဥ္အတြင္း အရသာဝင္ဖုိ႕အတြက္ တစ္နာရီတစ္ခါ အထက္ေအာက္ေမႊေပးထားပါ၊

 

ၿပီးေနာက္ ၾကက္သြန္နီအခြံႏႊာ ေလးစိတ္လွီးၿပီး အလႊာေလးေတြျဖစ္ ျပဳလုပ္ထားပါ။  ၿပီးလွ်င္ င႐ုတ္ပြမ်ားကို အညွာေျခြၿပီး ေလးစိတ္လွီး၍ အေစ့မ်ားကို ဖယ္ထုတ္ေပးပါ ခရမ္းခ်ဥ္သီးကို လည္း ထိုနည္းအတိုင္း ျပဳလုပ္ေပးပါ။


အသားႏွပ္ထားတာရၿပီဆုိရင္ေတာ့ သီတံျဖင့္ အသားတံုးမ်ားႏွင့္ အသီးအႏွံမ်ားကို သင့္သလုိ ထိုးသီေပးပါ။  

 

Read More >>>>>   ကေလးမ်ားအႀကိဳက္ေတြ႔ေစမယ့္ ပုစြန္နဲ႕ၾကက္ဥေၾကာ္

 

ၿပီးလွ်င္ ကင္မည့္ေနရာတြင္ အသားကင္အျပားေပၚတင္၍ အသားႏွင့္ အသီးအႏွံမ်ားကို ကင္ႏိုင္ပါတယ္။  ကင္ေနစဥ္ အေတာအတြင္း အသားမ်ားအေရာင္ေျပာင္းလာလွ်င္ေတာ့ ေဆာ့စ္ႏွင့္ ဆီတို႕ကို အကင္ကို သုပ္ေပးပါ။  

 

ၿပီးေနာက္ အကင္အနံ႕ေမႊးလာၿပီး အသားမ်ားက်က္ၿပီဆုိရင္ေတာ့ ပူပူေႏြးေႏြး အရသာအလြန္ရွိတဲ့အသားႏွင့္ သီးႏွံစံုကင္တို႕ကို  အခ်ဥ္ရည္ ႏွင့္တြဲဖက္၍  မိသားစု (သို႕)  မိတ္ေဆြသူငယ္ခ်င္းမ်ားႏွင့္အတူ ေပ်ာ္ေပ်ာ္ပါးပါး သံုးေဆာင္ႏိုင္ပါတယ္။

 

#Myanmar Food Industrial Directory

Read times Last modified on Monday, 03 February 2020 12:57
Rate this item
(0 votes)