Myanmar
လူကြိုက်များတဲ့ ကြက်ခြောက်စပ်ကြော်
စားသောက်ဆိုင် အတော်များများမှာ လူကြိုက်များတဲ့ ဟင်းတစ်မယ်ဖြစ်တဲ့ ကြက်ခြောက်စပ်ကြော်ကို အိမ်မှာကြော်စားဖို့အတွက် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ကြက်သား၊ ဂျုံ၊ ပြောင်းဖူးမှုန့်၊ ဆား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ငါးငံပြာရည်၊ ဟင်းခတ်မှုန့်၊ သကြား၊ ကြက်သွန်နီတို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီး အတုံးသေးသေးတုံး၍ ဆား၊ ဂျုံ၊ ပြောင်းမှုန့်ထည့်ကာ နယ်ထားပေးပါ။
ပြီးလျှင် ကြက်သွန်နီကို ပါးပါးလှီးဖြတ်ထားပါ။ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို ဓားပြားရိုက်ပြီး လှီးဖြတ်ထားပါ။
အကုန်လုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဒယ်အိုးထဲဆီထည့်ပြီး ဆီပူလာလျှင် ကြက်သားကို ကြွပ်အောင် ကြော်ပေးထားပါ။ အပြင်သား နီညိုရောင်သန်းပြီး ကြွပ်လာပါက ဆယ်ယူပြီး ဆီစစ်ထားပါ။
ပြီးနောက် ဒယ်အိုးထဲ ကြက်သွန်နီကို နီညိုရောင်သန်းသည်အထိ ကြော်ကာ ဆယ်ယူပြီး ဆီစစ်ထားပါ။
Read More >>>>> သက်သတ်လွတ် အာလူးအစပ်ချက်
ပြီးရင်တော့ ဒယ်အိုးထဲမှ ဆီများရင်ကို ဖယ်ထုတ်၍ ဆီအနည်းငယ်ချန်ပြီး ကြက်သွန်ဖြူနှင့် ငရုတ်သီး စိမ်းတို့ကို ထည့်ကြော်ပါ။
အနံ့မွှေးလာပါက ကြက်သား၊ ကြက်သွန်နီဆီစစ်ထားသည်တို့ကို ထည့်လိုက်ပါ။ ပြီးရင်တော့ ငံပြာရည်၊ သကြား၊ ဟင်းခတ်မှုန့်ထည့်၍ သမအောင်မွှေပေးပြီး အရသာအပေါ့အငန် မြည်းပြီးရင်တော့ စိတ်ကြိုက် အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။