Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေး မြီးရှည်ပြုလုပ်နည်း

မန္တလေး မြီးရှည်ကို မန္တလေးသို့ သွားမှ စားရတာမဟုတ်ဘဲ အိမ်တွင်လည်း လွယ်လင့်တကူ ပြုလုပ်နိုင်လို့ အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ မြီးရှည်၊ ကြက်သား၊ မုန့်ညှင်းချဉ်၊ ကော်မှုန့်၊ အီကြာကွေး၊ ကြက်သွန်ဖြူ၊ တရုတ်နံနံ၊ ပဲငပိအချို၊ ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးဆီချက်၊ ပဲပင်ပေါက်၊ အကြွပ်ကြော်၊ ဝက်ဆီဖတ်ကြော်၊ ဆား၊ ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး မြီးရှည်အခြောက်ဖတ်ကို အရင်ပြုတ်ပါ။ ကြာတဲ့အတွက် အရင်ဆုံး ပြုတ်ရတာဖြစ်ပါတယ်။

 

ပြီးလျှင် ကြက်သားကို ရေဆေးသန့်စင်ပြီး ဆား၊ ဟင်းခတ်မှုန့်တို့နဲ့နယ်ပြီး ရေထည့်၍ တည်ထားပေးပါ။ ကြက်ပြုတ်ရည်ကို ဟင်းရည်အနေနဲ့ လဲသောက်လို့ ရတယ်။

 

ပြီးနောက် မုန့် ညင်းချဉ်ကို အသေးလေးတွေလှီးထားပါ။ ကော်မှုန့်ကိုရေအေးနဲ့ အရင်ဖျော်ပြီး ကော်လုပ်မယ့်အိုးထဲမှာ ကြိုပေးထားပါ။ ကော်မှုန့် အရမ်းပစ်နေရင် အေးရင် အရမ်းခဲသွားတတ်ပါတယ်။ ခဲသွားရင် ရေထည့်ပြီး မီးဖိုပေါ်ပြန်တည်လိုက်ပါ။ ကော်ပြန်ကျဲသွားပါလိမ့်မယ်။

 

ပြီးရင်တော့ အီကြာကွေးကို ကပ်ကြေးနဲ့ အသေးလေးတွေညှပ်ထားပါ။ တချို့ ကအကြွပ်ကြော်နဲ့ စားကြပါတယ်။  အကြွပ်ကြော်ကိုလည်း ဆီနဲ့ ကြော်ပါ။  ကြွပ်ပြီး အညိုရောင်သန်းလာရင် အကြွပ်ကြော်အတွက် ရပါပြီ။

 

ပြီးနောက် ကြက်သွန်ဖြူကို မညက်တညက်ထောင်းထားပါ။ တရုတ်နံနံ ကိုကပ်ကြေးနဲ့ ညှပ်ပြီး  ပန်းကန်တစ်လုံးထဲထည့်ပါ။ ပြီးရင် ကြက်သွန်ဖြူနဲ့ တရုတ်နံနံကို ရေနွေးဖျောလိုက်ပါ။ အဲဒါမှ အနံ့မွှေးပါမယ်။

 

Read More >>>> လျှာကျွမ်းပြန်ကော်ရည်ခေါက်ဆွဲ

 

ပြီးနောက် ပဲပင်ပေါက်ကိုလည်း ရေဆေးပြီး ရေနွေးဖျောထားပါ။ ပြီးလျှင် ငရုတ်သီးဆီချက် ချက်ထားပါ။

 

မြီးရှည်စားမယ်ဆိုရင်တော့ ပန်းကန်လုံးထဲသို့ မြီးရှည်ဖတ်၊ ပဲပင်ပေါက်၊ ကော်ရည်၊ အသား၊ အီကြာကွေး၊ ကြက်သွန်ဖြူနဲ့ တရုတ်နံနံ၊ အကြွပ်ကြော်၊ မုန်ညှင်းချဉ်၊ သကြား၊ ဆီချက်၊ ငရုတ်သီးဆီချက်၊ ပဲငပိအချို တို့ကိုထည့်ပြီး မန္တလေးမြီးရှည်ကို အရသာရှိစွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Wednesday, 31 October 2018 10:39
Rate this item
(1 Vote)