Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ပုစွန်ခြောက်ငံပြာရည်ချက်

ခံတွင်းမတွေ့သူများအတွက် ထမင်းမိန်စေမည့် ပုစွန်ခြောက်ငံပြာရည်ချက်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ပုစွန်ခြောက်၊ ငံပြာရည်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခွဲခြမ်း၊ ငရုတ်လှော်မှုန့် နှင့် ဆီ တို့လိုအပ်ပါမယ်။

 

အရင်ဆုံး ပုစွန်ခြောက်ကို အမှုန့်ဖြစ်အောင် စက်နဲ့မကြိတ်ပဲ ညှက်နေအောင်ထောင်းထားပါ။

 

ပြီးလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို နုပ်နုပ်စင်းထားပြီး ငရုတ်သီးအတောင့်ကို ခွဲကြမ်းဖတ် ခပ်သေးသေးရအောင် ထောင်းထားပါ။

 

မီးဖိုးပေါ်ကို ဒယ်အိုးတင်ပြီး ဆီထည့်လိုက်ပါ။ ဆီပူလာလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ ထောင်းထားတာကို နနွင်းမှုန့်အနည်းငယ်နှင့်အတူဆီသတ်ပေးထားပါ။

 

ကြက်သွန်အနည်းငယ်နွမ်းပြီးမွှေးလာလျှင် ထောင်းထားသောပုစွန်ခြောက်ထည့်ပြီး ကြော်လိုက်ပါ။

 

ငရုတ်သီးခွဲကြမ်းမှုန့်ကို ဦးစွာထည့်ပြီး မွှေးအောင်ကြော်ပါ။ ပြီးတော့မှ ငရုတ်သီးလှော်မှုန့်ကို ထည့်လိုက်ပါ။


ပြီးလျှင် မီးအရှိန်ကို လျှော့ထားပေးပါ။ ငရုတ်သီးနံ့မွှေးလာပြီဆိုလျှင် ပုစွန်ငံပြာရည်ထည့်လိုက်ပါ။

 

ရေကိုလည်း ငံပြာရည်နှင့် ဆတူနီးပါးထည့်ပါ။ ပြီးလျှင် ဟင်းခတ်မှုန့်ထည့်ပြီး အရသာမြည်းကြည့်ပါ။

 

ငံပြာရည်ချက် ဆူပွက်လာလျှင် မီးဖိုပေါ်မှချ၍ တို့စရာနှင့် ပုစွန်ခြောက်ငံပြာရည်ချက်ကို ထမင်းပူပူ လေးနဲ့ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Thursday, 01 November 2018 13:56
Rate this item
(4 votes)