Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဝက်သားလုံးနှင့် ကြာစွယ်ဟင်းချို

အသားချည်းပဲစားရတာ ငြီးငွေ့နေသူများအတွက် အရည်သောက်လေးနဲ့ ထမင်းစားရတာ ကြိုက်နှစ်သက်သူများအတွက် အဆင်ပြေစေမယ့်

ဝက်သားလုံးနှင့် ကြာစွယ်ဟင်းချို ချက်နည်းလေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ဝက်သား၊ ကြာစွယ်၊ အပ်မှို၊ ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သားမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကော်မှုန့်၊ ကြက်သွန်မြိတ်၊ ဝက်ပြုတ်ရည်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဝက်သားကို ရေဆေးသန့်စင်ပြီး ကြိတ်ပေးထားပါ။ ပြီးလျှင် ဝက်ရိုးကို အိုးထဲထည့်ပြီး ပြုတ်၊ ရေဆူအောင် တည်ပေးထားပါ။

 

ပြီးလျှင် ကြက်သွန်ဖြူ ကို ဓားပြားရိုက်ထားပါ။ ချင်းကိုလည်း ပါးပါးလှီးထားပါ။

 

ပြီးနောက် အရသာများထည့်ပါ။ ပြီးလျှင် ကြာစွယ်ကို အခွံနွှာပြီး ရေဆေးကာ ပါးပါးလှီးပါ။

 

ပြီးလျှင် ပြုတ်ရည်ထဲ ထည့်ပြီး ပြုတ်ပါ။

 

ဝက်သားလုံးလုပ်ဖို့အတွက် ဇလုံတစ်လုံးထဲ ကြိတ်ထားတဲ့ဝက်သား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့် နှင့် ကော်မှုန့်တို့ကို ထည့်ပြီး နယ်ပါ။

 

ပြီးလျှင် အနေတော်အလုံးလုံးပြီး ထည့်ပြုတ်ပါ။ ဝက်သားလုံး ကျက်ပြီဆိုလျှင် အပ်မှိုထည့်ပါ။

 

အရသာအနေတော်ဖြစ်ပြီဆိုလျှင် ကြက်သွန်မြိတ်ဖြူးပြီး အရသာရှိစွာ ထမင်းပူပူလေးနဲ့ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times
Rate this item
(1 Vote)