Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်းသကြားဈေး နှစ်ပေါင်း ၄၀ ကျော်အတွင်း အမြင့်ဆုံးဈေး ရောက်ရှိခဲ့

ပြည်တွင်း သကြားစျေးသည် တစ်ပတ်အတွင်း တစ်ပိဿာလျှင် ကျပ် ၁၅၀၀ အထိ စျေးမြင့်တက်လာကြောင်းယခုလို့ စျေးတက်ခြင်းသည်

နှစ်ပေါင်း ၄၀ ကျော်အတွင်း အမြင့်ဆုံးစျေးရောက်ရှိနေသည်ဟု သကြားနှင့်သကာရည် လုပ်ငန်းရှင်များထံက သိရသည်။

ပြည်တွင်းသကြားစျေးသည် ပြီးခဲ့သည့် သြဂုတ်လပထမအပတ်အထိ တစ်ပိဿာလျှင် ကျပ် ၁၃၀၀ သာ စျေးရှိခဲ့ရာမှယခုအခါတွင် တစ်ပိဿာလျှင် ကျပ် ၁၅၀၀ အထိ စျေးမြင့်တက်လာကြောင်း၊စျေးမြင့်တက်ရသည့် အကြောင်းအရင်းမှာ ရုံးပိတ်ရက်များတွင် အချို့ဂိုထောင်များမှ ဖွင့်မပေးခြင်း၊ ပြည်တွင်းသကြား လုပ်ငန်းရှင်များ၏ စျေးကစားခြင်းကြောင့် စျေးမြင့်တက်လာခြင်းဖြစ်ကြောင်း သကြားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဝင်းဌေးက ပြောကြားသည်။

“ဒေါ်လာစျေးတက်တာရယ်၊ နိုင်ငံတကာစျေးတက်တာရယ်၊ ပြည်တွင်းမှာက ကုန်သည်တွေ နည်းနည်းစျေးကစားတာရယ်၊ စျေးကစားတာက ရုံးပိတ်ရက်တွေမှာ အချို့ဂိုထောင်တွေက ဖွင့်မပေးဘူး။ အခုက သြဂုတ် ၁၅ ရက်အထိ ထပ်တိုးပိတ်ထားတာလေ။ အဲတော့ ဂိုထောင်ထဲ အောင်းသွားတော့ တကယ်အရောင်းအဝယ်လုပ်တဲ့ ပြင်ပမှာနည်းနေတော့ အဲလိုဖြစ်သွားတာ၊ ရုံးဖွင့်ရက်ကျ ပြန်အေးသွားမှာပါ။ အခုစျေးတက်သွားတာက တစ်ပတ်အတွင်းရှိသေးတယ်၊ အရင်က တစ်ပိဿာ ကျပ် ၁၃၀၀ ပတ်ချာလည်နဲ့ကို စျေးက အကြာကြီးပဲ၊ ဒီတစ်ပတ်အတွင်းမှာ ဂိုထောင်တွေ ပိတ်ထားတဲ့ အခြေအနေနဲ့ စျေးကြီးသွားတာ၊ပြီးတော့ စျေးကွက်ကလည်း အရောင်းအဝယ် မဖြစ်ဘူးလေ၊ ဆိုင်တွေပိတ်ထားရတယ်။ လက်ဖက်ရည်ဆိုင်တွေ ပိတ်ထားရတယ်။ မုန့်လုပ်ငန်းတွေ ပိတ်ထားရတယ်။ အဲလိုပိတ်ထားတာကို စျေးတက်တယ်ဆိုတာက စျေးကစားတာ ထင်ထင်ရှားရှားပဲလေ” ဟု သကြားလုပ်ငန်းရှင် ဦးဝင်းဌေးက သြဂုတ် ၁၂ ရက်တွင် ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်တွင်းသို့သကြားတင်သွင်းမှုအား လုပ်ငန်းအမျိုးအစား ၁၁ မျိုးကို ခွင့်ပြုခဲ့ပြီး Refinr Sugar တန်ချိန် ၅၇၆၆၅ တန်အား တင်သွင်းခဲ့ကာ ပြည်ပသို့တင်ပို့ခဲ့သည့် သကြားတန်ချိန်မှာ ၁၇၇၀၄၂တန်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန စာရင်းများအရ သိရသည်။

ယခုနှစ်ကြံစိုက်ရာသီတွင် တစ်နိုင်ငံလုံး၌ စိုက်ဧကစုစုပေါင်း ၄၃၈၄၂၀ ဧကစိုက်ပျိုးပြီးဖြစ်ကာ သကြားစက်ရုံများအနေဖြင့် ၂၀၂၀-၂၀၂၁ခုနှစ် ကြံကြိတ်ဝါးရန်လျာထားချက်မှာ ၄၂၁၃၃၀၀ တန်ခန့်မှန်းထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန သကြားထွက်သီးနှံဌာနခွဲထံမှသိရသည်။

news-eleven.com/article/

Read times
Rate this item
(0 votes)