Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


“မာလာငါးကင်” လုပ်စားကြမယ်

မာလာငါးကင်ကို ဆိုင်တွင်သွားမစားဘဲ အိမ်မှာပဲ မိသားစုဆုံတုန်းလေးဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ဆုံတုန်းလေးဖြစ်ဖြစ် လုပ်စားနိုင်လို့ ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်တဲ့ပစ္စည်းများကတော့ တီလားဗီးယားငါး၊ ကြက်သွန်ဖြူ၊ ပူစီနာရွက်၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ ချင်း၊ သံပရာသီး၊ ပျားရည်၊ ဆီ၊ ထောပတ်၊ နနွင်းမှုန့်၊ ဆား၊ ငရုတ်သီးအစိမ်းမှုန့်၊ မန်ကျည်းသီးမှည့်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်၊ ငရုတ်သီးစိမ်း တို့ လိုအပ်ပါမယ်။

 


ပထမဦးဆုံး ငါးကို ရေဆေးသန့်စင်ပြီးလျှင် ဆားအနည်းငယ်၊ နနွင်းမုန့်အနည်းငယ်၊ ချင်းကိုထောင်းပြီး ရလာသော အရည်အနည်းငယ်တို့ဖြင့် အသားထဲစိမ့်ဝင်အောင် နယ်ပြီးနှပ်ထားပါ။  ပြီးလျှင် နံနံပင်၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုပ်သီးစိမ်းများကို အဆင်သင့် ရေဆေးသန့်စင်ထားပါ။

 

ပြီးနောက် ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပူစီနာရွက်၊ နံနံပင်တို့ကိုရောထောင်းပါ။ ပြီးလျှင် ငရုပ်သီးအစိမ်းမှုန့်အနည်းငယ်၊ ဆီ အနည်းငယ်ထည့်ပြီးနယ်ပါ။ ငါးကင်အနံသတ်ဖို့အတွက် အနှစ်ရပါပြီ။

 

ပြီးလျှင်အနှစ်အချို့ကို ငါးကိုယ်အနှံ့သုတ်လိမ်းပြီး ပိုသည်များကို ငါးဝမ်းဗိုက်ထည့်သို့ ထည့်သိပ်ပါ။ သံပရာရည်အနည်းငယ် ညှစ်ထည့်လျှင် ပိုကောင်းပါသည်။

 

ငါးကင်နေစဉ်အပေါ်မှ သုတ်လိမ်းရန် ထောပတ်အနည်းငယ်၊ ပျားရည်နှင့် ဆီ အနည်းငယ် ထည့်ပြီး မွှေထားပါ။


မီးသွေးမီးဖိုနှင့် ငါးကို ကင်နိုင်ပါပြီ။ ထောပတ်နဲ့ ပျားရည်စပ်ထားတဲ့အဆီကို သုတ်လိမ်းပေးဖို့ မမေ့ပါနဲ့။


ကင်နေတုန်းအချဉ်ရည် လုပ်မယ်နော်။ မန်ကျည်းသီးမှည့် အနည်းငယ်ကို ရေနွေးဖျော်ပါမယ်။ ငရုတ်သီးခြောက်အနည်းငယ်ကိုလည်း ရေစိမ်ထားပါမယ်။ ငါးကင်ဖို့ မထောင်းထုခင်တည်းက လုပ်ထားရင် ပိုအဆင်ပြေပါတယ်။

 

ကိုယ်လိုချင်တဲ့အချဉ်အနေအထားရောက်ရင် ကြက်သွန်ဖြူသုံးမွှာခန့်၊ ငရုတ်သီးခြောက်အနည်းငယ်၊ ငရုတ်သီးစိမ်းအနည်းငယ် ကို ရောထောင်းပြီး မန်ကျည်းရည်နှင့်ရောစပ်ပါ။

 

နံနံပင်အနည်းငယ်ညှပ်ပြီးထည့်ပါ။ အချဉ်ရည်ရပါပြီ။ ၁၅မိနစ်လောက်ကင်ပြီးလို့ မွှေးလာပြီဆိုရင်တစ်ဖက်လှန်လိုက်ပါ။

 

နှစ်ဖက်လုံးကျက်ပြီဆိုရင်တော့ အိမ်မှာ လုပ်တဲ့ ငါးကင် လေးရပါပြီ။ အချဉ်လေးကလည်း ကိုယ်တိုင်လုပ်တာဆိုတော့ ဗိုက်နာမှာ မပူရတော့ဘူး။ အရမ်းလွယ်ကူပြီး ဈေးသက်သာတာမို့ အိမ်မှာလုပ်စားကြလိုက်ရအောင်။

Read times
Rate this item
(1 Vote)