Myanmar
ထမင်းမြိန်စေမယ့် ခရမ်းချဉ်သီးငါးပိချက်
ခရမ်းချဉ်သီးပေါချိန်လေးတွင် လွယ်လင့်တကူပြုလုပ်နိုင်ပြီး ထမင်းမြိန်စေမယ့် ခရမ်းချဉ်သီး ငါးပိချက်လေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ မျှင်ငါးပိ၊ ငရုတ်သီး၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ငရုတ်သီးတောင့်တွေကိုအညှာခြွေပြီး ရေနွေးစိမ်ထားပါ။
ပြီးလျှင် မျှင်ငါးပိတွေကိုလည်း ရေနွေးအနည်းငယ်ဖြင့်စိမ်ထားပါ။
ငရုတ်သီး အနည်းငယ်ပွလာလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတောင့်များကို ရောပြီးညှက်အောင်ထောင်းပါ။
ပြီးနောက် ခရမ်းချဉ်သီးကို ရေဆေးပြီး နုပ်နုပ်စင်းပါ။
ပြီးရင်တော့ ဒယ်အိုးတစ်လုံးမှာ ဆီထည့် နနွင်းမှုန့်အနည်းငယ်၊ အရောင်တင်မှုန့်အနည်းငယ်နှင့် ထောင်းထား
တဲ့အရာများ ခရမ်းချဉ်သီး၊ ဆား၊ ဟင်းခတ်မှုန့်ထည့်ပြီးရေအနည်းငယ်ထည့်ကာ မီးအေးနဲ့ ဆီပြန်အောင်ချက်ပါ။
ဆီမပြန်ခင် အဖုံးမဖွင့်ပါနှင့်။ ငရုတ်သီးစိမ်းနံ့ရသွားတတ်သည်ကို သတိပြုရပါမယ်။
ရေခမ်းဆီပြန်လာလျှင် ရေနွေးစိမ်ထားတဲ့ မျှင်ငါးပိကိုပျော်အော်ဖျော်ပြီး ဇကာလေးခံကာလောင်းထည့်ပါ။ ပြီးလျှင် သမသွားအောင်မွှေ ပေးပါ။
နောက်တစ်ကြိမ်ရေခမ်းဆီပြန်သည် အထိချက်ပါ။ ချက်နည်းက အရမ်းလွယ်ကူပေမယ့် မီးအေးအေးလေးနဲ့ မလိုအပ်ပဲအဖုံးဖွင့် မမွှေဖို့ကတော့အဓိကအရေးကြီးတဲ့ အချက်တွေဖြစ်ပါတယ်။