Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကညွတ်သုပ်လေး လုပ်စားရအောင်

အရွက်အများစုများကို လူအများစုက ကြိုက်နှစ်သက်ကြပါတယ်။ လွယ်လင့်တကူပြုလုပ်နိုင်ပြီး စားမြိန်စေမယ့် ကညွတ်သုပ်လေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ကညွတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူဆီချက်၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ပုစွန်ခြောက်၊ မြေပဲဆံ၊ ငံပြာရည်၊ ဆား တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကညွတ်ကို အရင်းပိုင်းများ လှီးဖြတ်၍ ကျန်နုတဲ့အပိုင်းတွေကို အပေါ်ယံအခွံနွှာပြီး ရေနွေးဆူဆူထဲမှာ ဆား အနည်းငယ်ထည့်ကာ ရေနွေးဖျောထားပါ။

 

ပြီးလျှင် အအေးခံပြီး အနေတော်အချောင်းများအဖြစ် လှီးဖြတ်ပါ။

 

ပြီးနောက် ခရမ်းချဉ်သီး၊ ကြက်သွန်နီနှင့် နံနံပင်တို့ကို ပါးပါးလှီးပါ။

 

အားလုံးစုံပြီဆိုလျှင် ဇလုံတစ်လုံးထဲသို့  ကညွတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူဆီချက်၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ပုစွန်ခြောက်၊ မြေပဲဆံ၊ ငံပြာရည်၊ ဆား အစရှိသဖြင့် အရသာအားလုံးထည့်ပြီး သုပ်လိုက်ပါ။

 

ကညွတ်သုပ်ထားတဲ့ အရသာက ချို၊ ဆိမ့် အရသာ ရလာပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး ထမင်းပူပူ၊ ရေနွေးကြမ်းလေးနဲ့ တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Friday, 14 December 2018 16:16
Rate this item
(3 votes)