Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဝက်သားသံပရာပေါင်း

ချဉ်စပ်အရသာလေးနဲ့ ဝက်သားကြိုက်နှစ်သက်သူများအတွက် ဝက်သားသံပရာပေါင်းပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ဝက်သား၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ သံပရာသီး၊ ခရုဆီ၊ ကင်းမွန်၊ သကြား တို့လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဝက်သားကို ရေဆေးသန့်စင်ပြီး အတုံးကလေးများဖြစ်အောင် လှီးဖြတ်ထားပါ။

 

ပြီးလျှင် ရေနွေးအိုးတည်ထားပါ။ ရေနွေးအိုးဆူလာပြီဆိုရင်တော့ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ဝက်သားကို ထည့်ပြုတ်လိုက်ပါ။

 

နူးအိသည်အထိထည့်ပြုတ်ပါ။ ဝက်သားပြုတ်ထားနေစဉ် ကြက်သွန်ဖြူ၊ နံနံပင်၊ ငရုပ်သီးစိမ်းတို့ကို ရောပြီးနုတ်နုတ်စင်းထားပါ။

 

မိမိအလိုရှိသလောက် ဝက်သားနူးလာလျှင် အိုးထဲမှဖယ်ထားပြီး အအေးခံထားပါ။

 

အိုးထဲတွင်ကျန်နေသော အပြုတ်ရည်များကို လိုအပ်သလောက်ယူထားပါ။

 

ယူထားသောအပြုတ်ရည်ထဲကို နုတ်နုတ်စင်းထားတဲ့    ကြက်သွန်ဖြူ၊ နံနံပင်၊ ငရုပ်သီးစိမ်းတို့အပြင် ခရုဆီ ၊သကြား၊ ငံပြာရည်၊ အချဉ်များကို အနည်းငယ်ထည့်ပါ။

 

ပြီးလျှင် မီးဖြင့်အပူပေးပါ။ မိမိကြိုက်နှစ်သက်လောက်သော အချို၊ အချဉ်၊ အစပ် အရသာများ ပြည့်စုံအောင်ထည့်၍ မြည်းကြည့်ပါ။

 

ပန်းကန်ထဲသို့ လှီးထားသော ဝက်သားများကိုထည့်ပြီး အပေါ်မှ ချက်ထားသော အရည်များလောင်းချလိုက်ပါ။ ပြီးရင် သံပရာကွင်းလေးလှီးပြီး အပေါ်က တင်ပေးလိုက်ပါ။

 

နောက်ဆုံးတွင်တော့ ချဉ်စပ်အရသာလေးဖြစ်တဲ့ ဝက်သားသံပရာပေါင်းလေးကို ထမင်းပူပူလေးနဲ့မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times
Rate this item
(1 Vote)