Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ရွှေပဲသီးအပ်မှိုကြော်

အသီးအနှံကြိုက်နှစ်သက်သူများအတွက် လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ ရွှေပဲသီးအပ်မှိုကြော်လေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်သောပစ္စည်းများကတော့ ဝက်သား၊ ရွှေပဲသီး၊ အပ်မှို၊ ပဲငံပြာရည်အကျဲ၊ ခရုဆီ၊ သကြား၊ နှမ်းဆီမွှေး၊ ကြက်သွန်ဖြူ၊ ဆီ၊ ကော်မှုန့် တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဝက်သားကို ရေဆေးသန့်စင်ထားပါ။

 

ပြီးလျှင် ယင်းအသားကို အပြားလိုက်လေးတွေလှီးပြီး ပဲငံပြာရည်အကျဲ၊ ခရုဆီ၊ သကြား၊ နှမ်းဆီမွှေး၊ ကော်မှုန့်တို့ဖြင့်နယ်ထားပါ။ ကြက်သွန်ဖြူကိုတောက်တောက်စဉ်းထားပါ။

 

ပြီးနောက်  ရွှေပဲသီးကို ရေဆေးသန့်စင်ပြီး အစောင်းလိုက်လေးဖြစ်အောင် လှီးထားပါ။ အပ်မှိုရဲ့  အရင်းပိုင်းကိုဖြတ်၍ ရေဖြင့် ဆေးကြောထားပါ။

 

ပြီးရင်တော့ ဒယ်အိုးထဲကို ဆီထည့်၍ အပူပေးပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူကိုထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်ဖြူ အနံ့မွှေးလာလျှင် နယ်ထားသော အသားများကိုထည့်ကြော်ပါ။

 

ပြီးနောက် အသားများလုံးသွားလျှင် ရေထည့်ပါ။ အသားကျက်သွားလျှင် ရွှေပဲသီးများကိုထည့်ကြော်ပါ။ တစ်မိနစ်လောက်ကြော်ပြီးလျှင် အပ်မှိုများကိုထည့်ပါ။ အပ်မှိုများကို အထပ်အောက်အသာလေးလှန်ပြီး အပ်မှိုများအိသွားလျှင် မီးဖိုပေါ်မှချလိုက်ပါ။

 

ကျက်ပြီဆိုရင်တော့ ရွှေပဲသီးအပ်မှိုကြော်လေးကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Read More >>>>>  အစားတလိုင်းတို့အတွက် လက်ဖက်ရနံ့သင်းသင်းလေးနဲ့ ကြက်ကင်လေး

Read times Last modified on Friday, 18 January 2019 15:00
Rate this item
(1 Vote)