Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပင်လယ်စာကြိုက်နှစ်သက်သူတွေအတွက် ကင်းမွန်ချိုချဉ်ကြော်

ပင်လယ်စာကြိုက်နှစ်သက်သူများအတွက် ကင်းမွန်ချိုချဉ်ကြော်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများကတော့ ကင်းမွန်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ဟင်းချက်ဆန်အရက်၊ ခရုဆီ၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ခရမ်းချဉ်သီး၊ ဆီ တို့ လိုအပ်ပါမယ်။

ပထမဦးဆုံး ကင်းမွန်ကို ရေဆေးသန့်စင်တဲ့အခါ ဆားလေးပွတ်ပြီး အရေခွံကိုခွာ၊ အလယ်ကနေ ကတ်ကြေးနဲ့ညှပ်၍ ဆားလေးနယ်ပြီး သန့်စင်ပေးပါ။

ပြီးလျှင် သေသေချာချာ ရေဆေး၍ ဓားနဲ့မပြတ်သွားအောင် အမြှောင်းလေးတွေ ဘယ်ညာလှီးပြီး အနေတော်လှီးဖြတ်ထားပါ။

ပြီးနောက်  ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းကို ထောင်းပြီး မွှေးလာအောင် ဆီသတ်ပါ။

ပြီးလျှင် ဆီသတ်လို့ မွှေးလာပြီဆိုလျှင် ကင်းမွန်ထည့်လိုက်ပါ။ အဖုံးမဖုံးပါနဲ့။

ပြီးရင်တော့ ကင်းမွန်ထည့်ပြီး ၁၀ မိနစ်ခန့်ဆိုလျှင် ရေခန်းလုနီးနီးဖြစ်ချိန်မှာ ခရမ်းချဉ်သီးလှီးထားတာ ထည့်ပြီး ဆား၊ ခရုဆီ၊ ငရုတ်ကောင်းထည့်မွှေပါ။  ဆား၊ ခရုဆီကို အစကတည်းက ထည့်လျှင် ရေအများကြီးထွက်လာတတ်တာမို့ နောက်ဆုံးမှ ထည့်ပါ။

ပြီးနောက် ၃ မိနစ်ဆိုလျှင် ရပါပြီ။ ကင်းမွန်က ချက်ချိန်ကြာလျှင် မာသွားတတ်ပါတယ်။

ဟင်းကျက်ပြီဆိုရင်တော့ ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်တဲ့ ပင်လယ်စာ ချိုချဉ်ကြော်လေးကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read More >>>>>  ထမင်းမြိန်စေမယ့် ငါးကျည်းကျပ်တိုက်ကြော်

Read times Last modified on Friday, 25 January 2019 13:30
Rate this item
(1 Vote)