Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ငါးကျည်းကျပ်တိုက်ကြော်

 ဝက်သား၊ ကြက်သား စားရတာ ရိုးအီသွားသူများအတွက် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့အပြင် ထမင်းမြိန်စေမယ့် ငါးကျည်းကျပ်တိုက်ကြော်လေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ငါးကျည်းကျပ်တိုက်ခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခွဲခြမ်း၊ ဆီ၊ ငံပြာရည်၊ သကြား၊ မန်ကျည်းနှစ်၊ စိမ်းစားငါးပိ၊ နနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး  ငါးကျည်းကျပ်တိုက်ကို အရိုးနွှင်ပြီး ရေနွေးထဲခဏစိမ်၍ ကြိတ်စက်နဲ့ ကြိတ်လိုက်ပါ။

 

ပြီးလျှင်  ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ကြိတ်စက်နဲ့ကြိတ်ထားပါ။

 

ပြီးနောက် မန်ကျည်းနှစ်ထဲ သကြား၊ ဟင်းခတ်မှုန့်၊ ဆားအနည်းငယ်နှင့် စိမ်းစားငါးပိကို ပျော်ဝင်အောင် အနှစ်ပြုလုပ်ထားပါ။

 

ပြီးလျှင် ဒယ်အိုးကို မီးဖိုပေါ်တင် ဆီထည့်လိုက်ပါ။ ဆီပူလာလျှင် ကြိတ်ထားသောကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် နနွင်းမှုန့်တို့ကို ထည့်၍ ဆီသတ်ပါ။

 

အနံ့ မွှေးပြီးကြွပ်လာလျှင် ငါးကျည်းကျပ်တိုက်များကို ထည့်ပြီး မွှေးလာသည်အထိ ကြော်ပါ။

 

ပြီးနောက် ငရုတ်သီးခွဲခြမ်းထည့်၍ နှံ့အောင်မွှေပြီး အနှစ်ပြုလုပ်ထားသော မန်ကျည်းနှစ် ထည့်ပါ။မွှေးလာသည်အထိ ကြော်ပါ။

 

ပြီးရင်တော့ ငံပြာရည်ထည့်၍ အပေါ့၊ အငန် အရသာမြည်းပါ။

 

ငါးကျည်းကျပ်တိုက် ခြောက်လည်း ခြောက်ပြီဆိုရင်တော့ ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times
Rate this item
(1 Vote)