Myanmar



မန္တလေးဈေးကွက် ကြက်သွန် နီ/ဖြူ အာလူးဈေးနှုန်း အတက်အကျများ

မန္တလေးဈေးကွက် ငရုတ် ကြက်သွန် နီ/ဖြူ အာလူးး ချင်း ဈေးနှုန်း အတက်အကျများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

14 8 2023

မန္တလေးကိုင်းတန်းဈေးတွင် စားဖိုဆောင်သီးနှံ ဈေးနှုန်းများအနေဖြင့်

● ကြက်သွန်နီမှာ မြစ်သား ကြက်သွန် လက်ကျန်နည်းပစ္စည်းရှားပြီးမြင်းခြံ၊ တောင်သာ ၊ ဆိက်ဖြူ၊ မုံရွှာ နယ်စုံမှဝင်ရောက်ခြင်း၊ လားရှိုး၊ တန်ယန့်၊ မဘိန်း၊ ရွှေတော တင်ပို့ရမူနည်းပြီး မြို့တွင်းသုံး ဝယ်ယူမှုသာရှိခြင်းကြောင့်
● ကြီး တစ်ပိသာ ၂၂၀၀ ကျပ် ၊
● လတ် တစ်ပိသာ ၂၂၀၀ ကျပ်၊
● သေး တစ်ပိသာ ၁၉၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

● ကြက်သွန်ဖြူ (တရုတ်) အဝင်ပုံမှန်စားသုံးမှုပုံမှန်ဖြစ်ခြင်း အရည်မသွေးကောင်းခြင်းကြောင့် တစ်ပိသာ ၆၉၀၀ကျပ်မှ ၇၂၀၀ကျပ် သို့ဈေးမြင့်သွားသည်။
● ကြက်သွန်ဖြူ (မြေပြန့်)မှာ အသစ် မဝင်သေးဘဲ ပစ္စည်းရှားအရောင်းအဝယ်နည်းသဖြင့် တစ်ပိသာ ၉၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။
● ကြက်သွန်ဖြူ (ရှမ်း) မှာ အဝင်ပုံမှန်ရှိခြင်းကြောင့် တစ်ပိသာ အရည်အသွေးအကောင်းဆုံး ၈၅၀၀ကျပ် မှ အနိမ့်ဆုံး ၇၀၀၀ကျပ်ထိ အရည်အသွေးပေါ်မူတည်ရောင်းချနေသည်။

အာလူးဈေးနှုန်းအနေဖြင့် တရုတ်အာလူးများပါ ရောင်းဝယ်မှုများခြင်း၊ အောင်ပန်းအာလူး လည်းဝင်ရောက်မူရှိခြင်းကြောင့်
● တရုတ်အာလူး တစ်ပိသာ ၂၇၀၀ကျပ်မှ ၂၆၀၀ ကျပ်သို့ ဈေးနိမ့် သွားပြီး
● အောင်ပန်းအာလူးမှာ အဝင်နည်းပြီး အိုကေ၊ အေဝမ်း အတန်းအစားမခွဲဘဲ တစ်ပိသာ ၃၂၀၀ကျပ် ဖြင့်အရောင်းအဝယ်အေးနေသည်။


● ချင်းဈေးနှုန်းအနေဖြင့် ဥမများသာဝင်ပြီး မြို့တွင်းသုံး မဝယ်ရှိခြင်းကြောင့် တစ်ပိဿာ ၄၀၀၀ ကျပ်မှ ၄၅၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

 

 

 Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 

Read times Last modified on Tuesday, 15 August 2023 10:58
Rate this item
(0 votes)