Myanmar
ဂေါ်ဖီရွက်နဲ့ ဝက်သားအစာသွပ်
ကိုယ်ချစ်တဲ့သူ၊ ကိုယ့်မိသားစုနဲ့ ချစ်သူငယ်ချင်းတွေကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရမ်းစားကောင်းတဲ့ ဂေါ်ဖီရွက်လေးထဲကို ဝက်သားအစာသွပ်ပြီး ချက်တဲ့ နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ဝက်သားကြိတ်ပြီးသား၊ ကြက်ဥ၊ ပေါင်မုန့်ခြောက်အကြေ၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ ကြက်စွပ်ပြုတ်ရည်၊ ခရမ်းချဉ်သီးအနှစ်၊ Ketchup၊ နံနံပင် တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ဂေါ်ဖီရွက်ကလေးများကို ပျော့ပျောင်းသွားအောင် ထုပ်လို့ရတဲ့ အနေအထားအထိ အပူပေးပါ။
ပြီးလျှင် ဒန်အိုးတစ်ခုထဲမှာ ဝက်သားကြိတ်ပြီးသား၊ ကြက်သွန်နီ လှီးထားပြီးသား၊ ကြက်ဥနှင့် ပေါင်မုန့်ခြောက်အကြေ တို့ကိုရောနှောပြီး သမအောင် လက်နဲ့နယ်ပေးပါ။
ပြီးနောက် ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ကို လိုအပ်သလောက်ထည့်နယ်ပြီး အသားလုံးလေးများကို တညီတည်းဖြစ်အောင်လုံးပေးထားပါ။
ပြီးလျှင် အသားလုံးတစ်လုံးစီကို ဂေါ်ဖီရွက်တစ်ရွက်စီရဲ့ အလယ်မှာထားပြီး ဂေါ်ဖီထုပ်ရွက်ကို အောက်ခေါက်၊ ဘေးခေါက်ပြီး ကော်ပြန့်လိပ်ကို လိပ်ယူပါ။
ပြီးနောက် အသားထည့်သွတ်ထားတဲ့ ဂေါ်ဖီထုပ်အရွက်ကို အိုးကြီးတစ်အိုးထဲစီထည့်ပြီး ကြက်စွပ်ပြုတ်ရည်၊ မရမ်းချဉ်သီးအနှစ်၊ Ketchup တို့နဲ့ သမအောင် ရောမွှေထားတဲ့ အရည်ကို အိုးထဲသို့ လောင်းထည့်လိုက်ပါ။
ပြီးလှင် မီးအရှိန်အနည်းငယ်မြှင့်ပြီး ဆူလာသည်အထိ အပူပေးပြီးလျှင် မီးအရှိန်ကို ပြန်လျှော့ပေးပါ။
ပြီးရင်တော့ နုပ်နုပ်စဉ်းထားတဲ့ နံနံပင်လေးကို အပေါ်မှ ဖြူးပြီး အသင့်သုံးဆောင်နိုင်ပါပြီ။



