Myanmar
သက်ကြီးရွယ်အိုတွေအတွက် စားလို့အရမ်းကောင်းတဲ့ အာဟာရမုန့်
မိဘတိုင်းက အသက် ခုနစ်ဆယ်ကျော်ရင် ထမင်း သိပ်မစားချင်ကြတော့ဘူး။ အဲဒီတော့ အာဟာရ ပြည့်ပြည့်နဲ့ ကောင်းကောင်းလေး စားစေချင်တာကတော့ သားသမီးတွေရဲ့  ဆန္ဒဖြစ်ပါတယ်။
ထမင်းသိပ်မစားချင်တဲ့ သက်ကြီးရွယ်အိုတွေ အတွက် အရမ်းစားလို့ကောင်းတဲ့ အာဟာရမုန့်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ဂျုံ၊ ကြက်ဥ၊ သကြား၊ ဆား၊ ငှက်ပျောသီး၊ ထောပတ်၊ ပျားရည် တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ဂျုံ၊ ကြက်ဥ၊ သကြား၊ ဆား၊ ငှက်ပျောသီးတို့ကို ရောပြီး ဖျော်စက်နဲ့ ကျေအောင်ချေထားပါ။
ပြီးနောက် မုန့်နှစ်ရရင် မကပ်တဲ့ ဒယ်ပြားအိုးထဲ ထောပတ်နဲနဲ သုတ်ပြီး မုန့်နှစ် ၁ဇွန်းထည့်ပါ။
ပြီးလျှင် အဖုံးအုပ်ပြီး မီးအေးအေးလေးနဲ့ ထားပေးပါ။
ပြီးနောက် မုန့်က ဖောင်းလာပြီဆိုရင်တော့ ကော်ပြားနှင့်ယူပြီး ပျားရည်သုတ်၍ အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။



