Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ဆိတ်သားစဉ်းကောနဲ့ အာလူးချက်

ဆိတ်သားကို ပုံမှန်အတိုင်းစားရတာ ရိုးအီနေသူများအတွက် ဆိတ်သားစဉ်းကောနဲ့ အာလူးချက်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ဆိတ်သား၊ သံပရာသီး၊ အာလူး၊ ပျဉ်းတော်သိမ်းရွက်၊ ဆား၊ ထောပတ်၊ ငရုတ်ကောင်းမှုန့်၊ ဟင်းခတ်မှုန့်၊ ဆီ၊ နနွင်းမှုန့်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဆိတ်သားကို ရေဆေးသန့်စင်ပြီး ကြိတ်စက်ဖြင့် ကြိတ်ပေးထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီကိုအခွံနွှာပြီး လှီးဖြတ်ထားပါ။  အာလူးကို ပြုတ်ပြီး အအေးခံ အခွံနွှာ၍ ကြိတ်ချေပေးထားပါ။

 

ပြီးလျှင် ဆိတ်သားအညှီနံ့ပျောက်စေရန်အတွက် သံပရာရည်ညှစ်ပေးထားပါ။

 

ပြီးနောက် ဟင်းခတ်မှုန့်၊ ဆား၊ နနွင်းမှုန့်တို့ထည့်ပြီး ရောနယ်ပေးထားပါ။

 

ပြီးလျှင် ဒယ်အိုးထဲကို ထောပတ်ဆီအနည်းငယ်ထည့်ပါ။

 

ပြီးနောက် ဆီအနည်းငယ်ထပ်ထည့်ပါ။ ဆီပူလာရင်တော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီပါးပါးလှီးထားတာထည့်ပြီး နနွင်းမှုန့်အနည်းငယ်ထည့်၍ ဆီသတ်ပေးထားပါ။

 

ပြီးလျှင် ပျဉ်းတော်သိမ်းရွက်ကို ရေဆေးပြီး ဆီသတ်အိုးထဲသို့ အရွက်ခြွေ၍ ထည့်ပေးပါ။

 

ပြီးနောက် အနံ့မွှေးလာလျှင် ဆိတ်သားစဉ်းကောထည့်ပြီး လုံးပေးပါ။

 

ပြီးရင်တော့ ရေကိုအသားမြှုပ်ရုံထည့်ပေးပါ။

 

ပြီးလျှင် မီးအနည်းငယ်ဖြင့် နှပ်ချက်ချက်ပေးပါ။

 

ပြီးနောက် ရေခမ်းလာလျှင် ကြိတ်ချေထားတဲ့အာလူးများကို ထည့်ပြီးမွှေလိုက်ပါ။

 

ပြီးရင်တော့ ဆိတ်သားစဉ်းကောနဲ့ အာလူးချက်ချကာနီး ငရုတ်ကောင်းမှုန့်ကို အပေါ်မှ ဖြူးလိုက်ရင်တော့ ထမင်းမြိန်စေမယ့် ဆိတ်သားစဉ်းကောနဲ့ အာလူးချက်ကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times
Rate this item
(2 votes)