Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ယမ်ယမ်ခေါက်ဆွဲခြောက်ကို ဆီချက်လေးလုပ်စားကြရအောင်

ဗိုက်ဆာနေတဲ့အချိန်မှာ အလွယ်ကူဆုံးနဲ့ အမြန်ဆုံး အိမ်တွင် လွယ်လင့်တကူပြုလုပ်နိုင်ပြီး အရမ်းအရသာရှိတဲ့ ဆီချက်လေးလုပ်စားရအောင်လို့ အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ယမ်ယမ်ခေါက်ဆွဲခြောက်၊ ငရုတ်ပွ၊ ခရုဆီ၊ ပဲငံပြာရည်၊ ကြက်သားမှုန့်၊ ငရုတ်သီး၊ ဆီ၊ ဆား၊ ကြက်သွန်ဖြူ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ယမ်ယမ်ခေါက်ဆွဲခြောက်ကို ရေနွေးဆူဆူထဲထည့်ပြီး ကျက်ရင်ဆယ်ပြီး ရေစစ်ထားပါ။

 

ပြီးလျှင် ငရုတ်ပွ၊ ငရုတ်သီးတို့ကို ပါးပါးလေးဖြစ်အောင်လှီးထားပါ။

 

ပြီးနောက် ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင်တော့ ကြက်သွန်ဖြူ၊ ငရုတ်ပွ၊ ငရုတ်သီး တို့ကို ဆီသတ်ပြီးနောက် ခရုဆီ၊ ပဲငံပြာရည်၊ ကြက်သားမှုန့်၊ ဆား တို့ထည့်လိုက်ပါ။

 

Read more >>>>> အဆာပြေ မုန့် ဆီကြော်ကြွပ်ကြွပ်လေးလုပ်စားရအောင်

 

ပြီးလျှင် မီးကို ခဏပိတ်ထားပါ။

 

ပြီးနောက် ပန်းကန်ထဲတွင် ရေစစ်ထားတဲ့ ခေါက်ဆွဲခြောက်ကိုထည့်ပြီး ဒယ်အိုးထဲတွင် ချက်ထားတဲ့ ငရုတ်ပွတို့ကို လောင်းထည့်လိုက်ပါ။

 

ပြီးရင်တော့ အရသာရှိတဲ့ ဆီချက်ခေါက်ဆွဲကို အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Wednesday, 06 March 2019 11:06
Rate this item
(1 Vote)