Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကလေးများအကြိုက် ကြက်သားချောင်းကြော်

ကလေးတွေကြိုက်နှစ်သက်ဖို့အတွက်  မိခင်တွေချက်ပြုတ်ရတာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ နေ့စဉ် ကလေးတွေ စားချင်လာအောင်၊ သူတို့ကြိုက်ပြီး အာဟာရဖြစ်စေမယ့်  ကြက်သားချောင်းကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ ကြက်ရင်ပုံသား၊ နွားနို့၊ ရှာလကာရည်၊ ကြက်ဥ၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ ဂျုံမှုန့်၊ ပြောင်းဖူးကော်မှုန့်၊ Paprika, Thyme မုန့်ဖုတ်ဆိုဒါ တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ကြက်ရင်ပုံသားကို ဆေးကြော သန့်စင်ပြီး အရွယ်တော် အချောင်းလေးတွေ ပိုင်းဖြတ်ထားပါ။

 

ပြီးလျှင် ပိုင်းဖြတ်ထားတဲ့ ကြက်ရင်ပုံသား ကို ပန်းကန်တစ်ခုထဲထည့်ပြီး ဆား၊ ငရုတ်ကောင်း ဖြူး၍ အရသာကို ဖြည့်စွက်ပါ။

 

ပြီးနောက် ပန်းကန်လုံးတစ်လုံးထဲသို့ နွားနို့နဲ့ ရှာလကာရည် အနည်းငယ်ကို ထည့်၍ ရောမွှေပေးပါ။

 

ရောမွှေထားတာ ပျစ်လာပြီဆိုရင် ကြက်ဥဖောက် ထည့်မွှေပြီး ခဏ ဖယ်ထားပါ။

 

ပြီးနောက် ခွက်တစ်ခုထဲမှာ Thyme, Paprika, ငရုတ်ကောင်း၊ ဆား၊ ဂျုံမှုန့်၊ ပြောင်းဖူးကော်မှုန့်နဲ့ မုန့်ဖုတ်ဆိုဒါတို့ကို ရောမွှေထားပါ။

 

အားလုံးပြင်ဆင်ပြီးပြီဆိုရင်တော့  ကြက်သားချောင်း စကြော်လို့ ရပါပြီ။

 

အရင်ဆုံး အရွယ်တော်လှီးထားတဲ့ ကြက်သားချောင်းတွေကို နွားနို့ခွက်ထဲကို စိမ်လိုက်ပါ။ ပြီးရင် ဂျုံမှုန့်ခွက်ထဲကို ထည့်ပြီး ဆီပူအိုးထဲကို ထည့်ကြော်လိုက်ပါ။

 

ပြီးနောက် နီညိုရောင်သမ်းလာပြီဆိုရင် ဒယ်အိုးထဲက ချပြီး အဆီစုပ်စက္ကူနဲ့ ဆီစစ်ထားပါ။

 

ပြီးရင်တော့  ကလေးများအကြိုက် ကြက်သားချောင်းကြော်လေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါပြီ။

Read times
Rate this item
(1 Vote)