Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကလေးများအကြိုက်တွေ့စေမယ့် ပြောင်းဖူးကျောက်ကျော လုပ်စားရအောင်

ပြောင်းဖူးကို ပြုတ်စား၊ ဖုတ်စား၊ ကြော်စားကြတာများပါတယ်။ ယနေ့တွင်တော့ ပြောင်းဖူး ကျောက်ကျောလေးဖြစ်အောင် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပြောင်းဖူးကျောက်ကျောလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ ကျောက်ကျောမှုန့်၊ ပြောင်းဖူး ၊ သကြား၊ ဆား၊ နို့ဆီ၊ ရေတို့လိုအပ်ပါမယ်။


ပထမဦးဆုံး သကြားကို ရေနဲ့အတူရောပြီး သကြားအရည်ပျော်သွားအောင် မီးဖိုပေါ် ခဏတင်၍ သကြားရည် ကျိုပေးပါ။

 

ပြီးလျှင်ပြောင်းဖူးကို အခွံခွာ၊ အမွှေးတွေကို သန့်စင်ဖယ်ရှားပြီး ရေနဲ့ စင်အောင်ဆေးပေးပါ။

 

ပြီးရင် ပြောင်းဖူးတွေကို ခြစ်နဲ့ ခြစ်ယူပါ။ ကြိတ်စက်နဲ့ကြိတ်ပြီး အရည်ယူရင်လည်းရပါတယ်။ ခြစ်ပြီးသား ပြောင်းဖူးတွေထဲကို ဆား၊ ရေနွေးထည့်ပြီး နယ်ပေးပါ။

 

ပြီးတော့မှ ပြောင်းဖူးနို့ရည်ရအောင် ညှစ်ယူပါ။ ပြောင်းဖူးနို့ရည် အကုန်ရဖို့ ရေနွေးထည့်ပြီး အနည်းဆုံး နှစ်ကြိမ် သုံးကြိမ်နယ်ယူ၍ နို့ရည်ညှစ်ယူရပါမယ်။ နို့ရည် ညှစ်တဲ့အခါ ပြောင်းဖူးဖတ်တွေ ပါမလာရအောင် ပိတ်ပါးစလေးနဲ့ အုန်းနို့ညှစ်သလိုပဲ ညှစ်ယူပါ။


အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ အိုးတစ်လုံးထဲကို ကျောက်ကျောမှုန့်ထည့်၊ ပြီးရင် သကြားရည်ထည့်ပြီး ကျောက်ကျောမှုန့်တွေ အားလုံးရေထဲ ပျော်ဝင်အောင် မွှေပေးပါ။ ပြီးနောက် ပြောင်းဖူးနို့ရည်၊ နို့ဆီတို့ကို ထည့်ပေးပြီးအားလုံး သမအောင် မွှေ၍ မီးဖိုပေါ် တင်ပေးထားပါ။


ကျောက်ကျောစစချင်းကျိုတဲ့အခါ အိုးအဖုံးကို ပိတ်ထားပြီး မိနစ်အနည်းငယ်ခန့် တည်ပေးပါ။ ပြီးရင် ပြောင်းဖူးနို့ရည်တွေ အောက်မှာ အနည်ထိုင်ပြီး ချိုးမကပ်အောင် မွှေပေးပါ။

 

ပြီးရင်တော့ အဖုံးပိတ်ပြီး မိနစ်အနည်းငယ်ခန့် တည်ပေးပါ။ ပြီးရင်တော့ တစ်ခါလောက် အဖုံးဖွင့်လိုက် မွှေလိုက်လုပ်ပေးပါ။

 

ကျောက်ကျော အိုးပွက်ပွက်ဆူလာပြီဆိုရင်တော့ ပြောင်းဖူးနို့လေးတွေက အုန်းနို့လိုပဲ ဥလေးတွေတဖြည်းဖြည်း ဖြစ်လာပါလိမ့်မယ်။ နောက်ထပ် မိနစ်အနည်းငယ် ကျိုပေးပြီး ကျောက်ကျောလေးတွေကို ပန်းကန်ပြားတစ်ချပ်ထဲ နည်းနည်းထည့်ပြီး အအေးခံကြည့်ပါ။

 

မိနစ်အနည်းငယ်အတွင်း ခဲသွားတယ်ဆိုရင်တော့ ကျောက်ကျောတွေကို ကိုယ်လိုချင်တဲ့ ပုံစံခွက်ထဲ သို့မဟုတ် လင်ဗန်းထဲလောင်းထည့်ပြီး အအေးခံပေးလိုက်ပါ။ ကျောက်ကျော အေးခဲသွားပြီဆိုရင်တော့ အနံ့ အရသာနဲ့ ပြည့်စုံတဲ့ ပြောင်းဖူးကျောက်ကျောလေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

 

Read times
Rate this item
(1 Vote)