Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မိုးမြေပဲ စိုက်ဧက ၂၇၆၂၃ ဧက လျာထား

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မိုးမြေပဲ စိုက်ဧက ၂၇၆၂၃ ဧက လျာထား Moi.Gov

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မိုးမြေပဲစိုက်ဧက ၂၇၆၂၃ ဧကလျာထားတယ်လို့ သိရသည်။

 

၎င်း မိုးမြေပဲများကို ဇူလိုင်၊ သြဂုတ် မိုးတွင်အပြီးစိုက်ကာ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် အပြီးရိတ်သိမ်းသွားမှာဖြစ်သည်။

 

ယခင်က စိုက်ပျိုးနေသည့်မျိုးများမှ အထွက်ကောင်းပြီး အရည်အသွေးပိုမိုကောင်းမွန်သည့် မြေပဲမျိုးများဖြစ်သည့် မကွေး ၁၁၊ မကွေး ၁၆၊ မျိုးသန့်ပွားများ စိုက်ပျိုးထုတ်လုပ်ပြီး မျိုးကောင်းမျိုးသန့်ဖလှယ်သည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိတယ်လို့ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

"မြေပဲစိုက်ပျိုးထုတ်လုပ်တဲ့အခါ အစားအစာဘေးကင်းလုံခြုံဖို့အတွက် ပိုးသတ်ဆေးလျှော့ချသုံးစွဲဖို့ လုပ်ငန်းစဉ်တစ်ခုပါတယ်၊ ပိုးသတ်ဆေးဟာ ဓာတ်ကြွင်းအာနိသင်ရှိစေတတ်တဲ့ သဘောသဘာဝရှိတဲ့အတွက် ပိုးသတ်ဆေးသုံးစွဲမှုနည်းစနစ်မမှန်ကန်ဘူးဆိုရင် ဓာတ်ကြွင်းအာနိသင်တွေများလာတဲ့အခါ မှိုတော့မရှိပေမယ့် ပိုးသတ်ဆေး ဓာတ်ကြွင်းအာနိသင်ကလည်း ရှိနေတတ်တယ်၊ ဒါကြောင့်ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်လည်း ကင်းရမယ်၊ မှိုလည်း လျှော့ချနိုင်ရမယ်။

 

အရင်ကလည်း ဆောင်ရွက်နေတာရှိပါတယ်၊ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်တာ၊ အခုနောက်ပိုင်းမှာ စိုက်ပျိုးရေးဦးစီးဌာနကနေ GAP ပေါ်မှာအခြေခံပြီး လုပ်ငန်းတွေဆောင်ရွက်သလို တစ်ဖက်ကလည်း တိုင်းဒေသကြီးအစိုးရ Food Safety Project အစားအစာဘေးကင်းလုံခြုံဖို့အတွက် လုပ်ငန်းစီမံချက်တွေချပြီးတဲ့အခါ လုပ်ငန်းဆောင်ရွက်မှုမှာ ပိုမိုလျင်မြန်သွက်လက်ပြီး သိသာမြင်သာတဲ့အထိ ရောက်လာတာဖြစ်ပါတယ် " လို့ မန္တလေး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးမင်းက ပြောသည်။

 

ထို မြေပဲသီးနှံကို Aflatoxin လျှော့ချရေးအတွက် ညောင်ဦးမြို့နယ်တွင် စီမံချက်ချဆောင်ရွက်လျက်ရှိပြီး တောင်သူများကို ပိုးသတ်ဆေးသုံးစွဲရာတွင် စနစ်တကျသုံးစွဲနည်းများအား အသိပညာပေးခြင်းများ၊ Dry မိုးကာခံ၍ စနစ်တကျလှမ်းခြင်း၊ သိုလှောင်ခြင်း စသည့်နည်းစနစ်များပညာပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 

By Wyk(Myanmar Food Guide)

 

Moi.Gov

Read times
Rate this item
(0 votes)