Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထားဝယ်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်အရ မျိုးစေ့ထုတ် စိုက်ခင်း၌ မျိုးကွဲ နှုတ်ပယ်ခြင်း လုပ်ငန်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု CERP အစီအစဉ် အရ

တောင်သူဦးရဲအောင်၏ မျိုးစေ့ ထုတ်စိုက်ခင်း၌ အရည်အသွေးကောင်း၊ မျိုးကောင်းမျိုးသန့်ရရှိစေရန် အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

 

ထိုနောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့တာဝန်ခံ ဒေါ်စန်းစန်းမြိုင်၊ ထားဝယ်ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်စန်းစန်းတင့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးထွန်းထွန်းနှင့် ဝန်ထမ်းများတို့က ကျေးရွာ တောင်သူများနှင့် ပူးပေါင်း၍ တောင်သူဦးရဲအောင်၏ ကွင်းအမှတ်(၉၇)၊ ဦးပိုင်အမှတ်(၅၃)၊ ဧရိယာ(၃)ဧကရှိ မျိုးစေ့ ထုတ်စိုက်ခင်း၌မျိုးကွဲ နှုတ်ပယ်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။

 

By Myanmar Food Guide

Read 837 times
Rate this item
(0 votes)