Food & Livestock
×
Warning
JUser: :_load: Unable to load user with ID: 540
ကြက်ဥစျေးနှုန်း ကျဆင်းခဲ့ရာမှ ယခုအခါ အနည်းငယ် ပြန်တက်လာ
" Unicode "
ကြက်ဥစျေးနှုန်း ကျဆင်းခဲ့ရာမှ ယခုအခါ အနည်းငယ် ပြန်တက်လာ
ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး ၌  ဥစားကြက်မွေးမြူနှုန်း မြင့်တက်လာသဖြင့်  ကြက်ဥစျေးနှုန်းကျဆင်းခဲ့ရာမှ ယခုအခါ အနည်းငယ်ပြန်တက်လာကြောင်း  မြန်မာနိုင်ငံ ကြက်ဥ၊ ဘဲဥထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအစုအဖွဲ့ တွဲဖက်အတွင်း ရေးမှူး ဦးစန်းအေး၏ပြောကြားချက်အရ သိရပါတယ်။
Noodles (Instant) အသင့်စားခေါက်ဆွဲလုပ်ငန်းပေါင်း ၄၇ ခုကိုရှာရန်နှိပ်ပါ။
ပြီးခဲ့သည့်နှစ်က ကြက်ဥစျေးနှုန်းများ မြင့်တက်လာခြင်းကြောင့်  ရန်ကုန်တိုင်း ဒေသကြီး၌ ကြက်မွေးမြူနှုန်း  ထက်ဝက် ခန့်မြင့်တက်လာပြီး   စျေးကွက်အတွင်း ကြက်ဥများ ပေါများလာသဖြင့်  ကြက်ဥစျေးနှုန်းများ ကျဆင်းလာပါတယ်။
''ကြက်ဥစျေးနှုန်းက ပြန်ကောင်းလာပါပြီ။  ပြီးခဲ့တဲ့ရက်တွေတုန်းကလည်း  စျေးတအားကျတယ်။ မနှစ်က ကြက်ဥစျေးကောင်းတယ်။ဒါကြောင့်   ဒီနှစ်  ကြက်မွေးမြူသူတွေများတော့ စားသုံးသူတွေ အဆင်ပြေတယ်။ ဒီနှစ်က  မုန့်လုပ်တဲ့ လူတွေလည်း သိပ်မရှိဘူး'' ဟု ဦးစန်းအေး ကပြောကြားခဲ့ပါတယ်။
ပြီးခဲ့သည့်တစ်ပတ်က ကြက်ဥတစ်လုံးလျှင် လက်ကားစျေး ငွေကျပ် ၆ဝ ဝန်းကျင် အထိစျေး ကျဆင်းရာမှ လက်ရှိတွင် ငွေကျပ် ၉၅ ကျပ်အထိ စျေးနှုန်းပြန်လည်မြင့်တက် လာကြောင်း၊ ယခင်က  ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၁ဝဝ မှ ၁၁ဝ အထိရှိခဲ့ကြောင်း သိရပါတယ်။
''လက်ရှိစျေးလောက်ဆိုရင် မဆိုးပါဘူး။ အရင်တစ်ပတ်က စျေးနှုန်းအတိုင်းသာ ထပ်ဖြစ်ရင် ကြက်မွေးမြူသူတွေ အဆင်မပြေဘူး။  အခု  အဆင်ပြေလာပါပြီ။ ပြီးခဲ့တဲ့ ရက်တွေတုန်းက  ကြက်မွေးမြူသူရော ဒိုင်တွေပါ အရှုံးများခဲ့တယ်။ မနှစ်ကထက်   ထက်ဝက်လောက်ပို မွေးမြူလာတယ်။ဒီထက်စျေးကျရင်   ကြက်မွေးမြူသူတွေ အတွက် အခြေအနေ မကောင်းဘူး။ ကြက်ဥစျေးမကောင်းလို့  အသားထုတ်မယ် ဆိုတော့လည်း  ကြက်သားစျေးမကောင်း ဘူး'' ဟု  ဦးစန်းအေး ကပြောကြားခဲ့ပါတယ်။
Read More >>>>>   မွန်ပြည်နယ်၌ ကြက်သွန်နီ ဈေးနှုန်းမြင့်တက်
ရန်ကုန်တိုင်းဒေသကြီး၌ တစ်ရက်လျှင် စားသုံးမှုနှင့်  မုန့်ထုတ်လုပ်ရာတွင် ကြက်ဥ အလုံးရေ  ၁ဝ   သိန်းဝန်းကျင်အထိ ရှိကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီး ပန်းတနော်နှင့် ကျောင်းကုန်း စသည့်မြို့နယ်တို့၌ ဥစားကြက် အများအပြား မွေးမြူကြောင်း သိရပါတယ်။
Source: Myawaddy
ကြက်ဥဈေးနှုန်း ကျဆင်းခဲ့ရာမှ ယခုအခါ အနည်းငယ် ပြန်တက်လာ
ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး ၌  ဥစားကြက်မွေးမြူနှုန်း မြင့်တက်လာသဖြင့်  ကြက်ဥဈေးနှုန်းကျဆင်းခဲ့ရာမှ ယခုအခါ အနည်းငယ်ပြန်တက်လာကြောင်း  မြန်မာနိုင်ငံ ကြက်ဥ၊ ဘဲဥထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအစုအဖွဲ့ တွဲဖက်အတွင်း ရေးမှူး ဦးစန်းအေး၏ပြောကြားချက်အရ သိရပါတယ်။
ပြီးခဲ့သည့်နှစ်က ကြက်ဥဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့်  ရန်ကုန်တိုင်း ဒေသကြီး၌ ကြက်မွေးမြူနှုန်း  ထက်ဝက် ခန့်မြင့်တက်လာပြီး   ဈေးကွက်အတွင်း ကြက်ဥများ ပေါများလာသဖြင့်  ကြက်ဥဈေးနှုန်းများ ကျဆင်းလာပါတယ်။
Noodles (Instant) အသင့်စားခေါက်ဆွဲလုပ်ငန်းပေါင်း ၄၇ ခုကိုရှာရန်နှိပ်ပါ။
ပြီးခဲ့သည့်တစ်ပတ်က ကြက်ဥတစ်လုံးလျှင် လက်ကားဈေး ငွေကျပ် ၆ဝ ဝန်းကျင် အထိဈေး ကျဆင်းရာမှ လက်ရှိတွင် ငွေကျပ် ၉၅ ကျပ်အထိ ဈေးနှုန်းပြန်လည်မြင့်တက် လာကြောင်း၊ ယခင်က  ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၁ဝဝ မှ ၁၁ဝ အထိရှိခဲ့ကြောင်း သိရပါတယ်။
Read More >>>>>   မွန်ပြည်နယ်၌ ကြက်သွန်နီ ဈေးနှုန်းမြင့်တက်
Source: Myawaddy
Read times Last modified on Monday, 10 February 2020 16:01
Rate this item
(0 votes)