Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းစားမြိန်စေမယ့် ခရမ်းကျွတ်သီးထောင်း

Unicode

 

ခရမ်းကျွတ်သီးကို တို့စရာအနေနဲ့သာ မြင်တွေ့ကြရတာများပါတယ်။ ယခုတော့ ထမင်းစားမြိန်စေမယ့်အပြင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ခရမ်းကျွတ်သီးထောင်း ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ခရမ်းကျွတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်မှုန့်၊ ငံပြာရည်၊ ကြက်သားမှုန့်၊ ဆား၊ နံနံပင်နှင့် ကြက်သွန်ပင်တို့ လိုအပ်ပါမယ်။

Birani (194)ဒံပေါက်ဆိုင်များ ၁၉၄ ခုကိုရှာရန်နှိပ်ပါ။


ပထမဦးဆုံး ခရမ်းကျွတ်သီးကို ရေဆေး အညှာချွေ အပေါ်ဘက်အောက်ဘက်လှီးပြီး ခက်ရင်းဖြင့် အပေါက်ကလေးများဖြစ်အောင် ထိုးပေးထားပါ။


ပြီးလျှင် ခရမ်းကျွတ်သီးကို မိုက်ခရိုဝေ့ထဲထည့်၍ အပူပေးပါ။  


ပြီးနောက် ခရမ်းကျွတ်သီး ပျော့သွားပြီဆိုလျှင် ဒယ်အိုးထဲသို့ ခရမ်းကျွတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအနီတောင့်တို့ကိုထည့်၍ မွှေပေးထားပါ။


ပြီးလျှင် ကျက်နေပြီဖြစ်တဲ့ အမယ်များကို အပြင်သို့ထုတ်ပေးပါ။

 

Read More >>>>>  ထမင်းမြိန်စေမယ့် ဆိတ်ဖူးထောင်း


ပြီးနောက် ငရုတ်ဆုံထဲသို့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအနီတောင့်တို့ကို ထည့်ထောင်းပေးပါ။


ပြီးလျှင် ခရမ်းကျွတ်သီးကို ထည့်ထောင်းပေးပါ။ အနည်းငယ်ညက်သွားပြီဆိုရင်တော့ ပုစွန်ခြောက်မှုန့်၊ ငံပြာရည်၊ ကြက်သားမှုန့်၊ ဆားတို့ထည့်ပြီး သမအောင် ရောမွှေပေးပါ။


ပြီးနောက် နံနံပင်၊ ကြက်သွန်ပင်တို့တို့ကိုထည့်ပြီး ထပ်ထောင်းပေးပါ။


ပြီးရင်တော့ အလွန်အရသာရှိတဲ့ ခရမ်းကျွတ်သီးထောင်းကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။


#Myanmar Food Industrial Directory

 

 


 


 

Birani (194)ဒံပေါက်ဆိုင်များ ၁၉၄ ခုကိုရှာရန်နှိပ်ပါ။

 


 


 


 


 


 


 


 


 


 


Read times Last modified on Wednesday, 26 February 2020 16:39
Rate this item
(0 votes)