Myanmar
ထမင်းမြိန်စေမယ့် ဝက်နံရိုးနှင့် ပိန္နဲသီး သောက်ဆမ်းချက်
Unicode
ထမင်းမြိန်စေမယ့် ဝက်နံရိုးနှင့် ပိန္နဲသီး သောက်ဆမ်းချက်
ဒီကနေ့ ဝက်နံရိုးနဲ့ ပိန္နဲသီးတို့ကို ထမင်းမြိန်စေမယ့် အရည်သောက်ပုံစံမျိုးလေးချက်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ဝက်နံရိုး၊ လှီးထားတဲ့ ပိန္နဲကွင်း၊ ဆူးပုပ်ရွက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးအရောင်တင်မှုန့်၊ နနွင်းမှုန့်၊ ဆား၊ သကြား၊ ငရုတ်သီးစိမ်းတို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ပိန္နဲကွင်းကို ဆားရည်နဲ့ မိနစ်အနည်းငယ်ခန့်စိမ်ပြီး ပြုတ်၍ ဆယ်ယူထားပါ။
ပြီးလျှင် အတုံးကြီးကြီး တုံးထားပါ။
ပြီးနောက် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းနှင့် ငရုတ်အရောင်တင်မှုန့်ကို ညက်နေအောင် ထောင်းထားပါ။
ပြီးလျှင် ဝက်နံရိုးကို ရေဆေးသန့်စင်ပြီး ဆား၊ နနွင်းမှုန့်၊ သကြားတို့နှင့် နယ်ထားပါ။
ပြီးနောက် ငရုတ်အနှစ်ထည့်ပြီး ရောမအောင်မွှေပေးပါ။ ဆီမထည့်ပါနဲ့။ လုံးချက်မို့ ဝက်သားထဲက ထွက်လာမည့်ဆီနဲ့ လုံလောက်ပါတယ်။
Read More >>>>> သက္သတ္လြတ္အသားတု ပဲပုပ္ေျမပဲေၾကာ္
ဝက်သားလုံးပြီးလျှင် ရေနွေးမြုပ်အောင်လောင်းပြီး တည်ပေးပါ။ ဝက်နံရိုးနူးစပြုလာလျှင် လှီးထားတဲ့ ပိန္နဲကွင်း ထည့်၍ ရေနွေး အနည်းငယ်ထည့်ပါ။
ပြီးလျှင်အဖုံးဖုံးပြီး တည်ပါ။ ပိန္နဲကွင်း လည်း နူးအိနေပြီး၊ အရသာလည်းစိတ်ကြိုက်ဖြစ်၊ အသား၊ ပိန္နဲလည်း နူးပြီဆိုလျှင်တော့ ဆူးပုပ်ရွက်နှင့် ငရုတ်သီးစိမ်းလေးကို အပေါ်မှအုပ်လိုက်ပါ။
ပြီးရင်တော့ ထမင်းမြိန်စေမယ့် ဝက်နံရိုးနှင့် ပိန္နဲသီးဟင်းကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။
#MFID
ထမင္းၿမိန္ေစမယ့္ ဝက္နံ႐ိုးႏွင့္ ပိႏၷဲသီး ေသာက္ဆမ္းခ်က္
ဒီကေန႕ ဝက္နံ႐ိုးနဲ႕ ပိႏၷဲသီးတို႕ကို ထမင္းၿမိန္ေစမယ့္ အရည္ေသာက္ပံုစံမ်ဳိးေလးခ်က္နည္းေလးကို ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။
ပါဝင္ပစၥည္းေတြကေတာ့ ဝက္နံ႐ိုး၊ လွီးထားတဲ့ ပိႏၷဲကြင္း၊ ဆူးပုပ္ရြက္၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ခ်င္း၊ င႐ုတ္သီးအေရာင္တင္မႈန္႕၊ နႏြင္းမႈန္႕၊ ဆား၊ သၾကား၊ င႐ုတ္သီးစိမ္းတို႕ လိုအပ္ပါမယ္။
ပထမဦးဆံုး ပိႏၷဲကြင္းကို ဆားရည္နဲ႔ မိနစ္အနည္းငယ္ခန႔္စိမ္ၿပီး ျပဳတ္၍ ဆယ္ယူထားပါ။
ၿပီးလွ်င္ အတုံးႀကီးႀကီး တုံးထားပါ။
ၿပီးေနာက္ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ခ်င္းႏွင့္ င႐ုတ္အေရာင္တင္မႈန္႕ကို ညက္ေနေအာင္ ေထာင္းထားပါ။
ၿပီးလွွ်င္ ဝက္နံ႐ိုးကို ေရေဆးသန႔္စင္ၿပီး ဆား၊ နႏြင္းမႈန႔္၊ သၾကားတို႔ႏွင့္ နယ္ထားပါ။
ၿပီးေနာက္ င႐ုတ္အႏွစ္ထည့္ၿပီး ေရာမေအာင္ေမႊေပးပါ။ ဆီမထည့္ပါနဲ႔။ လုံးခ်က္မို႔ ဝက္သားထဲက ထြက္လာမည့္ဆီနဲ႔ လုံေလာက္ပါတယ္။
Read More >>>>> သက္သတ္လြတ္အသားတု ပဲပုပ္ေျမပဲေၾကာ္
ဝက္သားလုံးၿပီးလွ်င္ ေရေႏြးျမဳပ္ေအာင္ေလာင္းၿပီး တည္ေပးပါ။ ဝက္နံ႐ိုးႏူးစျပဳလာလွ်င္ လွီးထားတဲ့ ပိႏၷဲကြင္း ထည့္၍ ေရေႏြး အနည္းငယ္ထည့္ပါ။
ၿပီးလွ်င္အဖုံးဖုံးၿပီး တည္ပါ။ ပိႏၷဲကြင္း လည္း ႏူးအိေနၿပီး၊ အရသာလည္းစိတ္ႀကိဳက္ျဖစ္၊ အသား၊ ပိႏၷဲလည္း ႏူးၿပီဆိုလွ်င္ေတာ့ ဆူးပုပ္႐ြက္ႏွင့္ င႐ုတ္သီးစိမ္းေလးကို အေပၚမွအုပ္လိုက္ပါ။
ၿပီးရင္ေတာ့ ထမင္းၿမိန္ေစမယ့္ ဝက္နံ႐ိုးႏွင့္ ပိႏၷဲသီးဟင္းကို ထမင္းပူပူေလးနဲ႕ ၿမိန္ယွက္စြာ တည္ခင္းသံုးေဆာင္ႏိုင္ပါတယ္။
#MFID