Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


သက်သတ်လွတ်အသားတု ပဲပုပ်မြေပဲကြော်

သက်သတ်လွတ်အသားတု ပဲပုပ်မြေပဲကြော်

သက်သတ်လွတ်သမားများအတွက် စားရတာအဆင်ပြေစေမယ့် သက်သတ်လွတ် အသားတု ပဲပုပ်မြေပဲကြော်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ အသားတု၊ ပဲပုပ်၊ မြေပဲလှော်၊ ငရုတ်သီးခွဲခြမ်း၊ ကြက်သွန်ဖြူကြော်၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး အသားတုကို ရေအနည်းငယ်စိမ်ပေးထားပါ။  ပြီးလျှင် အသားတုကို လှီးပြီး ဆားနှင့် ဟင်းခတ်မှုန့်တို့ထည့်၍ ရောမွှေပေးထားပါ။

 

ပြီးနောက် မြေပဲလှော်ကိုလည်း လေးစိတ်ကွဲအောင်ထောင်းပေးထားပါ။

 

Read More >>>>>  ထမင္းစားၿမိန္ေစမယ့္ ခရမ္းကြ်တ္သီးေထာင္း

 

ပြီးလျှင် ပဲပုပ်ကို အရှည်လိုက်လေးတွေဖြစ်အောင်ညှပ်ပြီး ကြော်ပေးထားပါ။

 

ပြီးတော့မှ ဒယ်အိုးထဲဆီအနည်းငယ်ထည့် ငရုတ်သီးခွဲခြမ်းထည့်၊ ကြက်သွန်ဖြူကြော်ထည့် ပြီး ဆယ်ထားတဲ့ အသားတု၊ ပဲပုပ်၊ မြေပဲကြော်အကုန်ရောထည့်ပြီး မွှေပေးထားပါ။

 

ပြီးရင်တော့ အအေးခံပြီး လုံတဲ့ဗူးလေးထဲထည့်ထားပါ။ စားခါနီးမှ အနည်းငယ် ပန်းကန်ထဲထည့်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

 

#Myanmar Food Industry Directory

 

 

သက္သတ္လြတ္အသားတု ပဲပုပ္ေျမပဲေၾကာ္

 

သက္သတ္လြတ္သမားမ်ားအတြက္ စားရတာအဆင္ေျပေစမယ့္ သက္သတ္လြတ္ အသားတု ပဲပုပ္ေျမပဲေၾကာ္ျပဳလုပ္နည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္။

 

ပါဝင္ပစၥည္းေတြကေတာ့ အသားတု၊ ပဲပုပ္၊ ေျမပဲေလွာ္၊ င႐ုတ္သီးခြဲျခမ္း၊ ၾကက္သြန္ျဖဴေၾကာ္၊ ဆား၊ ဟင္းခတ္မႈန္႕၊ ဆီ တို႕ လိုအပ္ပါမယ္။

 

ပထမဦးဆံုး အသားတုကို ေရအနည္းငယ္စိမ္ေပးထားပါ။  ၿပီးလွ်င္ အသားတုကို လွီးၿပီး ဆားႏွင့္ ဟင္းခတ္မႈန္႕တို႕ထည့္၍ ေရာေမႊေပးထားပါ။

 

ၿပီးေနာက္ ေျမပဲေလွာ္ကိုလည္း ေလးစိတ္ကြဲေအာင္ေထာင္းေပးထားပါ။

 

ၿပီးလွ်င္ ပဲပုပ္ကို အရွည္လိုက္ေလးေတြျဖစ္ေအာင္ညွပ္ၿပီး ေၾကာ္ေပးထားပါ။

 

Read More >>>>>  ထမင္းစားၿမိန္ေစမယ့္ ခရမ္းကြ်တ္သီးေထာင္း

 

ၿပီးေတာ့မွ ဒယ္အိုးထဲဆီအနည္းငယ္ထည့္ င႐ုတ္သီးခြဲျခမ္းထည့္၊ ၾကက္သြန္ျဖဴေၾကာ္ထည့္ ၿပီး ဆယ္ထားတဲ့ အသားတု၊ ပဲပုပ္၊ ေျမပဲေၾကာ္အကုန္ေရာထည့္ၿပီး ေမႊေပးထားပါ။

 

ၿပီးရင္ေတာ့ အေအးခံၿပီး လံုတဲ့ဗူးေလးထဲထည့္ထားပါ။ စားခါနီးမွ အနည္းငယ္ ပန္းကန္ထဲထည့္ၿပီး အရသာရွိစြာ သံုးေဆာင္ႏိုင္ပါတယ္။

 

#Myanmar Food Industry Directory

Read times Last modified on Thursday, 30 January 2020 15:18
Rate this item
(0 votes)