Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ငါးသလောက်ပေါင်း

<<<<<Unicode >>>>>

ထမင်းမြိန်စေမယ့် ငါးသလောက်ပေါင်း


မြန်မာလူမျိုးများအကြိုက် အလှူပွဲများတွင် တည်ခင်းဧည့်ခံလေ့ရှိသည့် ငါးသလောက်ပေါင်းချက်နည်းကို တင်ပြပေးလိုက်ပါတယ်။


လိုအပ်မည့်အမယ်များကတော့ ငါးသလောက်အကောင်ခပ်ကြီးကြီးတစ်ကောင်၊ ကြက်သွန်နီ အနည်းငယ်၊ ကြက်သွန်ဖြူ အနည်းငယ်၊ ဆီအနည်းငယ်၊ စပါးလင် အနည်းငယ်၊ ဂျင်း အနည်းငယ်၊ ရှာလကာရည် အနည်းငယ်နှင့် ငံပြာရည် အနည်းငယ်တို့ လိုအပ်ပါတယ်။


ငါးသလောက်ကို အကြေးခွံချွတ်ပြီး အပေါ်အောက်နှစ်ပိုင်းပိုင်းပါ။ အကောင်ကြီးလျှင် ဓားဖြင့် မွှမ်းထားသင့်ပါတယ်။


Noodles (Instant) အသင့်စားခေါက်ဆွဲလုပ်ငန်းများ (၄၇) ခုကို ရှာရန်နှိပ်ပါ။


ပြီးနောက် စပါးလင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ချင်းကို ပါးပါးလှီးပြီးထောင်းထားပါ။


ပြီးလျှင် ငါးသလောက်ကို ငံပြာရည်အနည်းငယ်နှင့် အသားမှုန့်ကို အသားထဲဝင်အောင် လက်ဖြင့် ဆုပ်နယ်ထားပါ။


နယ်ထားပြီးသော ငါးသလောက်ထဲသို့ စပါးလင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ချင်းကို ကို ထည့်လိုက်ပါ။ ပြီးနောက် ရှာလကာရည်အနည်းငယ်ထည့်ပြီး ငါးထည့်စိမ့်ဝင်အောင် မွှေပေးပါ။ ငါးကို ရေမြုပ်အောင် ထည့်ပေးရပါမယ်။


ပြီးလျှင် ငါးသလောက်အိုးကို မီးဖိုပေါ်တင်လိုက်ပါ။ ဆီအနည်းငယ်ထည့်ပြီး ငါးရေမမြုပ်လျှင် ရေအနည်းငယ် ထပ်ထည့်ပေးပါ။ မီးအပူရှိန်ကို လျော့ပြီးတည်ပေးရပါမယ်။ အိုးအဖုံးကိုပိတ်ထားပါ။ ရေနွေးငွေ့များ ထွက်မသွားစေရန် ခဏခဏ အိုးအဖုံးကို ဖွင့်မကြည့်ရပါ။


Read More >>>>> စားလို့အရမ်းကောင်းတဲ့ ဝက်နံရိုးကြာစွယ်ဟင်း


မိနစ် ၂၀ ခန့်ကြာလျှင် အိုးအဖုံးကိုဖွင့်ပြီး ငါးကိုအထက်အောက် လှန်ပေးပါ။ ငါးသလောက် အရိုးနူးသည်အထိ မီးကိုအရှိန် လျော့ထားပြီး အရိုးနူးလာမှသာ မီးဖိုပေါ်မှ ချ၍ အသင့်စားသုံးနိုင်ပါတယ်။


Myanmar Food Industry Directory

 

<<<<Zawgyi>>>

ထမင္းၿမိန္ေစမယ့္ ငါးသေလာက္ေပါင္း

 

ျမန္မာလူမ်ဳိးမ်ားအႀကိဳက္ အလွဴပြဲမ်ားတြင္ တည္ခင္းဧည့္ခံေလ့ရွိသည့္ ငါးသေလာက္ေပါင္းခ်က္နည္းကို တင္ျပေပးလိုက္ပါတယ္။

 

လိုအပ္မည့္အမယ္မ်ားကေတာ့ ငါးသေလာက္အေကာင္ခပ္ႀကီးႀကီးတစ္ေကာင္၊ ၾကက္သြန္နီ အနည္းငယ္၊ ၾကက္သြန္ျဖဴ အနည္းငယ္၊ ဆီအနည္းငယ္၊ စပါးလင္ အနည္းငယ္၊ ဂ်င္း အနည္းငယ္၊ ရွာလကာရည္ အနည္းငယ္ႏွင့္ ငံျပာရည္ အနည္းငယ္တို႔ လိုအပ္ပါတယ္။

 

ငါးသေလာက္ကို အေၾကးခြံခၽြတ္ၿပီး အေပၚေအာက္ႏွစ္ပိုင္းပိုင္းပါ။ အေကာင္ႀကီးလွ်င္ ဓားျဖင့္ မႊမ္းထားသင့္ပါတယ္။

 

Noodles (Instant) အသင့္စားေခါက္ဆြဲလုပ္ငန္းမ်ား (၄၇) ခုကို ရွာရန္ႏွိပ္ပါ။

 

ၿပီးေနာက္ စပါးလင္၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴႏွင့္ ခ်င္းကို ပါးပါးလွီးၿပီးေထာင္းထားပါ။

 

ၿပီးလွ်င္ ငါးသေလာက္ကို ငံျပာရည္အနည္းငယ္ႏွင့္ အသားမႈန္႔ကို အသားထဲ၀င္ေအာင္ လက္ျဖင့္ ဆုပ္နယ္ထားပါ။

 

နယ္ထားၿပီးေသာ ငါးသေလာက္ထဲသို႔ စပါးလင္၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴႏွင့္ ခ်င္းကို ကို ထည့္လိုက္ပါ။ ၿပီးေနာက္ ရွာလကာရည္အနည္းငယ္ထည့္ၿပီး ငါးထည့္စိမ့္၀င္ေအာင္ ေမႊေပးပါ။ ငါးကို ေရျမဳပ္ေအာင္ ထည့္ေပးရပါမယ္။

 

ၿပီးလွ်င္ ငါးသေလာက္အိုးကို မီးဖိုေပၚတင္လိုက္ပါ။ ဆီအနည္းငယ္ထည့္ၿပီး ငါးေရမျမဳပ္လွ်င္ ေရအနည္းငယ္ ထပ္ထည့္ေပးပါ။ မီးအပူရွိန္ကို ေလ်ာ့ၿပီးတည္ေပးရပါမယ္။ အိုးအဖံုးကိုပိတ္ထားပါ။ ေရေႏြးေငြ႕မ်ား ထြက္မသြားေစရန္ ခဏခဏ အိုးအဖံုးကို ဖြင့္မၾကည့္ရပါ။

 

Read More >>>>> စားလို႕အရမ္းေကာင္းတဲ့ ဝက္နံ႐ိုးၾကာစြယ္ဟင္း

 

မိနစ္ ၂၀ ခန္႔ၾကာလွ်င္ အိုးအဖံုးကိုဖြင့္ၿပီး ငါးကိုအထက္ေအာက္ လွန္ေပးပါ။ ငါးသေလာက္ အ႐ိုးႏူးသည္အထိ မီးကိုအရွိန္ ေလ်ာ့ထားၿပီး အ႐ိုးႏူးလာမွသာ မီးဖိုေပၚမွ ခ်၍ အသင့္စားသံုးႏိုင္ပါတယ္။


Myanmar Food Industry Directory

Read times Last modified on Friday, 06 March 2020 15:42
Rate this item
(0 votes)